အက်စတွန်ဗီလာနဲ့ မန်ယူတို့ဟာ လူငယ်ကြယ်ပွင့်လေး Axel Tuanzebe ရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး အပြိုင်ကြိုးပမ်းရဖို့ ဖြစ်နေပါတယ်။

မန်ယူအသင်း အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ခံစစ်သမား Axel Tuanzebe ဟာ ပွဲထွက်ခွင့်အတွက် ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာကို အငှားထွက်ပြီး ကစားနေရတာပါ။ အဆိုပါ အငှားစာချုပ်မှာတော့ ရာသီကုန် အပြီးသတ် ခေါ်ယူခွင့် ပါရှိပေမယ့် ဗီလာက ဒီနှစ်မှပဲ Tuanzebe ကို ပွဲထွက်ခွင့်တွေ ပေးလာတာဖြစ်တယ်။

ပရီးမီးယားလိဂ်တန်းတက်ခွင့် play-off မှာတော့ Tuanzebe ဟာ အက်စတွန်ဗီလာကို ကိုယ်စားပြုခွင့် ရခဲ့ပြီး တန်းတက်အသင်းကလည်း ကစားသမားကို ခေါ်ယူဖို့ ကြိုးစားလာပေမယ့် မန်ယူဘက်ကတော့ ခွင့်ပြုဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။

အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်လေးကို မန်နေဂျာ ဆိုးရှားက ရာသီကြိုမှာ အခွင့်အရေးပေးဖို့ ဆန္ဒရှိပြီး အက်စတွန်ဗီလာရဲ့ ကြိုးစားနေမှုကို လက်ခံမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

ဆိုးရှားဟာ အသင်းကို အင်္ဂလန်လူငယ် ကြယ်ပွင့်တွေ ပါဝင်တဲ့ လူငယ်အင်အားစုနဲ့ ပြန်လည် တည်ထောင်လိုနေပြီး Tuanzebe ကို အသင်းကြီးမှာ နေရာပေးဖို့ ကြံရွယ်နေပြီး အက်စတွန်ဗီလာဘက်ကလည်း အပြီးသတ် ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။