ဆာရီ ထွက်ခွာဖွယ် ရှိလာတဲ့နောက် ချယ်ဆီး အသင်းဟာ ကစားသမားဟောင်း လက်ရှိ ဒါဘီနည်းပြ ဖရန့်လမ်းပတ်ကို အစားထိုး ခန့်ထားဖို့ စဉ်းစား လာခဲ့ပါတယ်။

ဟာဇက်က ကျောနံပါတ် ၁၀ ကို အမြဲဝတ်ဆင်သူဖြစ်ပြီး ရီးရဲလ်သို့ ပြောင်းဖြစ်ရင် အဆိုပါ ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရမှာ မဟုတ်ပါဘူး။ ရီးရဲလ် မက်ဒရစ်မှာ ကျောနံပါတ် ၁၀ ကို မိုဒရစ်က ဝတ်ဆင်ကစားနေတာပါ။ ဒါပေမယ့်လို့ ဟာဇက်ဟာ မနှစ်က ရီးရဲလ်ကနေ ထွက်ခွာသွားတဲ့ ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ကိုတော့ ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။

ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်ကတော့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ သူနဲ့လူးဝစ်တို့ အချင်းများမှုကြောင့် နည်းပြဆာရီတယောက် လေ့ကျင့်ရေးကွင်းထဲကနေ ဒေါသတကြီးထွက်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ သူနဲ့ အာဂျင်တိုင်းတိုက်စစ်မှူးတို့ရဲ့ဖြစ်ရပ်ဟာ ဘောလုံးအပေါ်ထားရှိတဲ့ ဇောအဟုန်ကြောင့်သာဖြစ်ကြောင်း လူးဝစ်က ဆိုခဲ့ပါတယ်။

စပါးက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို ရှုံးလိုက်တဲ့ အတွက် ၂၀၁၂ မှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ချယ်ဆီး တစ်သင်းတည်းကသာ လန်ဒန်မှာ ချန်ပီယံလိဂ် ရဖူးတဲ့ အသင်း အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

နာမည်ကျော်နည်းပြ ဟိုဆေး မော်ရင်ညိုက ချယ်ဆီးနဲ့ ယူနိုက်တက်မှာ နည်းပြလုပ်စဉ်အတွင်း ဒိုင်တွေနဲ့ပတ်သက်လို့ လွတ်လွတ် လပ်လပ် မပြောဆိုနိုင်ခဲ့လို့ စိတ်ပျက်ကြောင်း ဖော်ပြခဲ့သလို အင်္ဂလန်မှာ လှောင်အိမ်ထဲ ရောက်နေသလို ခံစားခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချယ်ဆီးနည်းပြ ဆာရီအပြင် ဘယ်ခြမ်း ခံစစ်မှူး အီမာဆန်ကိုပါ ခေါ်ယူလိုနေပါတယ်။ တန်ကြေး ယူရို ၂၅ သန်းတန် အီမာဆန်နဲ့ ဆာရီအတွက် လျော်ကြေး ၅ သန်း အပါအ၀င် ဂျူဗင်တပ်က ချယ်ဆီးကို ယူရို သန်း ၃၀ ပေးကာ နည်းပြနဲ့ ကစားသမား နှစ်ဦးလုံး တပါတည်း ခေါ်ယူရန် ကြိုးစားနေတာပါ။

ချယ်ဆီး ကစားသမားဟောင်း လက်ရှိ အက်စတွန်ဗီလာမှာ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ဆဲ ဂျွန်တယ်ရီကတော့ နည်းပြ အဖြစ် တာဝန်ယူဖို့ သင်ယူစရာတွေ အများကြီး ရှိနေဆဲလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချယ်ဆီးအသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာမယ့် ဂယ်ရီကာဟေးလ်ကို တန်းတက်လာတဲ့ အက်စတွန်ဗီလာအသင်းက ခေါ်ယူလိုနေပြီး ဗီလာမှာ လက်ထောက် နည်းပြလုပ်နေတဲ့ ကာဟေးလ် အသင်းဖော်ဟောင်း တယ်ရီနဲ့ပြန် လက်တွဲရဖွယ် ရှိနေပါတယ်။