အသက် ၁၆ နှစ်အရွယ် အေဂျက် လူငယ်တိုက်စစ်သမား Dillon Hoogewerf ဟာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့တယ်လို့ Goal သတင်းမှာ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးရာသီ အဆုံးသတ်ပြီးကတည်းက မန်ယူ ချိတ်ဆက်နေတဲ့ ကစားသမားများကတော့ အန်ဒါဝီရယ်၊ ဖီလစ်၊ မက်ဂွဲရား၊ ဒန်နီရယ်ဂျိမ်း၊ ဒီလစ်၊ ကီဗင် စထရုမန်း၊ ဆက်ဆက်နွန်၊ လောင်းစတပ်၊ တိုင်လီမန်းစ်နဲ့ ရာဘီရော့တို့ ဖြစ်ပါတယ်။

မန်ယူရဲ့ အင်္ဂလန်ဒါဘီ ပြိုင်ဘက် လီဗာပူး ချန်ပီယံလိဂ် ဗိုလ်စွဲသွားပြီးနောက် ယူနိုက်တက် ပရိသတ်တွေက ဒီရာသီ သူတို့ အတွက် အဆိုးဝါးဆုံး ရာသီပဲလို့ ပြောဆိုမှုတွေ ရှိနေကြပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကစားသမားတွေ ၀ယ်ယူကာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အက်ဝုဒ်ဝပ်ကို တိုက်တွန်းနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူ ကွင်းလယ်လူ ပေါ့ဘာကို အရခေါ်ယူနိုင်ဖို့အတွက် ကစားသမား (၃)ဦး အလိုက်ပေးကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဘေလ်း၊ ဂျိမ်းစ်နဲ့ နားဗက်စ်တို့ သုံးဦး အပြောင်းအရွှေ့တွေထဲ ထည့်သွင်း ကမ်းလှမ်းလိုနေတာပါ။

မန်ယူနဲ့ ချယ်ဆီး နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုက ပရီးမီးယားလိဂ်မှာ နည်းပြလုပ်စဉ်အတွင်း ဒိုင်တွေနဲ့ပတ်သက်လို့ လွတ်လွတ် လပ်လပ် မပြောဆိုနိုင်ခဲ့လို့ စိတ်ပျက်ကြောင်း ဖော်ပြခဲ့သလို အင်္ဂလန်မှာ လှောင်အိမ်ထဲ ရောက်နေသလို ခံစားခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်ယူက ညာအစွန်နေရာအတွက် ဝမ်ဘစ်ဆာကာအတွက် ပဲလေစ့်ရဲ့ ပေါင် သန်း ၆၀ ဈေးတောင်းမှုကို စိတ်ပျက်နေပြီး ပီအက်ဂျီမှ မူနီယာကိုပဲ ပေါင် ၂၂ သန်း ပေးပြီး ခေါ်ယူဖို့ စကားပြောနေပါတယ်။

မန်ယူအသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပေါ်တူဂီ ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဖီလစ်တို့ရဲ့ခြေစွမ်းကို ကလပ်အသင်း နည်းပြဟောင်း ဟိုဆေးမော်ရင်ညိုက အထူး ချီးကျူးခဲ့ပါတယ်။

စပါးအသင်းဟာ လိုင်ယွန် ကွင်းလယ်ကစားသမား အမ် ဒွမ်ဘီလီကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး ဂျူဗင်တပ်ကတော့ ကမ်းလှမ်းမှုပါ ပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အမ် ဒွမ်ဘီလီကို မန်ချက်စတာ နှစ်သင်းနဲ့ ရီးရဲလ်တို့ကလည်း စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။