မန်ယူအသင်းဟာ ဒီဂီယာရဲ့ စာချုပ်သစ်ကိစ္စ ငြင်းပယ်ထားမှုကြောင့် ပေါင်သန်းပေါင်းများစွာ နစ်နာမယ့်အရေးနဲ့ ရင်ဆိုင်လာနေရပါတယ်။

ဒီဂီယာရဲ့ လက်ရှိ မန်ယူနဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာရှိတော့တာပါ။ သူသာ စာချုပ်သစ်ကိစ္စကို ငြင်းပယ်မယ်ဆိုရင် မန်ယူဟာ လာမယ့်ရာသီကုန်မှာ ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့က မန်ယူနဲ့ ဒီဂီယာကြား အခြေအနေကို စောင့်မျှော်နေတယ်လို့ အင်္ဂလန်သတင်းမီဒီယာတွေက ဖော်ပြလာတယ်။ ဒီဂီယာအနေနဲ့ သက်တမ်းတိုးကိစ္စ သွေးအေးမယ်ဆိုရင် အဆိုပါ ကလပ်တွေက နွေအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှာမဟုတ်ပဲ ဇန်နဝါရီမှ မြင့်မားတဲ့ လုပ်ခတွေနဲ့ အလွတ်ပြောင်းရွှေ့ကြေးရဖို့ သဘောတူညီမှု ရယူမှာဖြစ်တယ်။

ဈေးကွက်ထဲမှာ ပေါင် ၇၀ သန်း ဈေးပေါက်တဲ့ ဒီဂီယာကို နောက်ရာသီမှာ မန်ယူဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာလည်းဖြစ်တယ်။ ကစားသမားကတော့ အင်္ဂလန်ပြင်ပအသင်းတွေထံက လက်မှတ်ထိုးကြေး ရမှာဖြစ်ကာ မန်ယူကတော့ ပေါင် သန်း ၇၀ လောက်ထိ ဆုံးရှူံးမှာဖြစ်ပါတယ်။

ဒါကြောင့် မန်ယူဘက်က ဒီဂီယာကို ကာလရှည် သက်တမ်းတိုးဖို့အတွက်ရာ လက်မှတ်ထိုးကြေး မြင့်မားစွာပေးပြီး သူတောင်းဆိုထားတဲ့ လုပ်ခလစာကိုလည်း ပေးချေဖို့ စဉ်းစားလာရတယ်လို့ သိရပါတယ်။