ပြင်သစ်အင်အားကြီး PSGဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘတ်ပီ နဲ့ နေမာတို့ကို စွန့်လွှတ်ရရင် သူတို့နေရာမှာအစားထိုးဖို့အတွက် ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ရိုနယ်ဒိုကို ပစ်မှတ်ထားလာပါတယ်။

PSG အသင်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ နေမာနဲ့ အမ်ဘတ်ပီကို ပိုင်ဆိုင်ထားပြီး နေမာဟာဆိုရင် ကမ္ဘ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခြင်း ခံရသူလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်တယ်။

PSG အသင်းရဲ့ ကစားသမားစုဖွဲ့မှုဟာ ဥရောပထိပ်သီးအသင်းကြီးတွေကို ကောင်းကောင်းယှဉ်နိုင်ပေမယ့် ချန်ပီယံလိဂ် အောင်မြင်မှုရဖို့ ခက်ခဲနေဆဲဖြစ်တယ်။ ဒါကြောင့်လည်း ချန်ပီယံလိဂ် မျှော်လင့်ချက်အတွက် ချန်ပီယံလိဂ်ဘုရင် စီရိုနယ်ဒိုကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အခုလည်း PSG က ရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းကနေ ယူရို ၁၄၀-၁၅၀ သန်း ထိရှိမယ့် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပြီး လုပ်ခပိုင်းကိုလည်း တိုးမြင့်ပေးသွားဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့်လို့ ဒီအပြောင်းအရွှေ့ဟာ အမ်ဘတ်ပီ သို့သည်မဟုတ် နေမာကို စွန့်လွှတ်ရမှာ လုပ်ဆောင်မယ့် စီမံကိန်းအဖြစ် စီစဉ်ထားတာဖြစ်ကြောင်းလည်း သိရပါတယ်။