နယူးကာဆယ်အသင်းဟာ မကြာခင်မှာ ပိုင်ရှင် အပြောင်းအလဲတွေ ဖြစ်လာတော့မှာဖြစ်ပြီး ကလပ်အသင်းကို အသွင်းပြောင်းမှုမှာ ပထမဆုံးအားဖြင့် နည်းပြပိုင်း အစားထိုးဖို့ မော်ရင်ညိုနဲ့ အာဆင်ဝင်းဂါးကို စိတ်ဝင်စားလာပါတယ်။

နယူးကာဆယ် ပိုင်ရှင်ဖြစ်သူ မိုက် အက်ရှလေဟာ သူပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းကို ပိုင်ရှင်သစ် ရှိတ်ခါလ်လစ်ထံ ပေါင် ၃၅၀ သန်းနဲ့ ရောင်းချဖို့ရာ သဘောတူညီမှု ရခဲ့ပါပြီ။ ရှိတ်ခါလ်လစ်ဟာ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်နဲ့ ညီအကိုဝမ်းကွဲ တော်စပ်သူလည်းဖြစ်တယ်။

အဘူဒါဘီတော်ဝင်မိသားစုရဲ့ အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ရှိတ်ခါလ်လစ်ဟာဟာ နယူးကာဆယ်ကို လွှဲပြောင်းတာဝန်ယူပြီးရင် ကစားသမားကောင်းအများစု ခေါ်ယူဖို့ရှိပြီး ၄င်းတို့ကို ဦးဆောင်ဖို့ ထိပ်တန်းနည်းပြတစ်ဦး ခန့်အပ်ဖို့လည်း ကြိုးစားသွားမယ်လို့ သိထားရတယ်။

မနှစ်ကမှ အာဆင်နယ်ကနေ ထွက်ခွာထားတဲ့ အာဆင်ဝင်းဂါးနဲ့ ဒီဇင်ဘာမှာ မန်ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြမော်ရင်ဟိုတို့ကို နည်းပြသစ်အတွက် စိတ်ဝင်စားလာပါတယ်။

ရှိတ်ခါလ်လစ်ရဲ့ တစ်ကိုယ်တော် ပိုင်ဆိုင်မှုကအတွက် သေချာတဲ့ ကိန်းဂဏန်တွေ မရှိပေမယ့် မိသားစုပိုင် ကြွယ်ဝမှုကတော့ ပေါင် ၁၅၀ ဘီလီယံထိ ရှိသူဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ အချမ်းသာဆုံး ပိုင်ရှင်တွေထဲမှာ ထိပ်ဆုံးကိုတောင် ရောက်နိုင်တဲ့ ကြွယ်ဝမှုဖြစ်ပါတယ်။