ကစားသမားဟောင်း ဖာဘရီဂတ်စ်က ချယ်ဆီးအသင်း လူငယ်တိုက်စစ်သမား အိုဒွိုင်းဟာ ယုံကြည်မှုအပြည့်နဲ့ ခြေစွမ်းကောင်း လူငယ်လေး ဖြစ်ပြီး ခမ်းနားတဲ့ အောင်မြင်မှုတွေ အသင်းအတွက် ယူဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးအသင်းခေါင်းဆောင် ဂယ်ရီ ကာဟေးလ် အသင်းနဲ့ စာချုပ် ကုန်ဆုံးလို့ ထွက်ခွာပြီ ဖြစ်ကြောင်း ချယ်ဆီးအသင်းက တရားဝင် ကြေငြာသွားပါတယ်။ ကာဟေးလ်က တယ်ရီရှိရာ အက်စတွန်ဗီလာအသင်းထံ ရောက်ဖို့ ရေပန်းစားနေပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြဆာရီ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုကြေညာမယ် လို့ သိရပါတယ်။

ယူရိုပါလိဂ် ချန်ပီယံ ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်စွဲသွားတဲ့ လီဗာပူးအသင်းနဲ့ ယူအီးအက်ဖ် စူပါကပ်ဖလား လုပွဲအဖြစ် သြဂုတ်လ ၁၄ ရက်နေ့ တူရကီက အစ္စတန်ဘူလ်ကွင်းမှာ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီး လူငယ်ခံစစ်မှူး ဂျေး ဒက်စီဗာကို ချန်ပီယံရှစ် ကလပ်အသင်းများက ပစ်မှတ်ထားနေပါတယ်။ အငှားထွက် ကစားနေရတာကြောင့် အပြီးသတ် အသင်းပြောင်းလိုနေတဲ့ ဒက်စီဗာကို ကျူပီအာ၊ ဘရစ်စတိုးအသင်းတို့က ခေါ်ယူလိုနေတာပါ။

ချယ်ဆီးအသင်းဟာ နည်းပြသစ်နေရာ အတွက် တော်တော်များများကို လျာထားပစ်မှတ်ထားနေပေမယ့်လည်း ဂန္ထဝင်ကစားသမားဟောင်း ဖရန့် လမ်းပတ်ကိုသာ နံပါတ် (၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တက်စ်ချိခ်က အသင်းခံစစ်မှူး ဒေးဗစ်လူးဝစ်ဟာ ခံစစ် အရည်အသွေးကောင်းမွန်ရုံသာမက အသင်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုများ မဖယ်ရှားနိုင်သေးပေမယ့် အသင်းက ထွက်ခွာဖွယ် ရှိနေတဲ့ ဟာဇက်နေရာအတွက် ဘာစီလိုနာမှ ကော်တင်ညိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။