လီဗာပူး လူငယ်ကြယ်ပွင့် ဟာဗေး အယ်လီးယော့ဟာ လာမယ့် ဘောလုံးရာသီမှာတော့ ကျောနံပါတ် ၆၇ ကနေပြီး ကျောနံပါတ် ၁၉ ကို ပြောင်းလဲ ဝတ်ဆင်ပါမယ်။ အဆိုပါ နံပါတ်ကို နောက်ဆုံး ဝတ်ဆင်ခဲ့သူ နှစ်ဦးက ခံစစ်မှူး ခါဘတ်နဲ့ တိုက်စစ်မှူး မာနေးတို့ ဖြစ်ပါတယ်။

မနှစ်က နွေအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာနဲ့ လိဒ်ယူနိုက်တက်တို့ဟာ ကွင်းလယ်လူ ကာတစ်ဂျုံးအတွက် ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။

ပရီးမီးယားလိဂ် တန်းတက်ကလပ် နော်တင်ဟမ် ဖောရက်စ်က လီဗာပူးအသင်းမှ အသက် ၂၁ နှစ်အရွယ် ဝေလ်း လက်ရွေးစင် နီကိုး ဝီလီယမ်အတွက် ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းပေမယ့် အသင်းဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ နွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူလိုတဲ့ ကလပ်ဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ပေးရမယ်လို့ ဒေါ့မွန်ဘက်က တောင်းဆိုမှာဖြစ်ပါတယ်။

မာနေး၊ မီနာမီနိုတို့ကို ရောင်းထုတ်ထားပြီး အိုရီဂီ၊ ကားရီးယက်စ်တို့ကို ရှင်းထုတ်ထားတဲ့ လီဗာပူးအသင်းဟာ ဒီနွေဈေးကွက်မှာ ပေါင် သန်း ၂၀ အထက် ရောင်းချနိုင်မှု ဆက်ရှိပါက လူသစ် ခေါ်ယူဖို့ အလားအလာ ရှိလာမယ်လို့ တွက်ဆမှုတွေ များပြားနေပါတယ်။

မာဆေးဆိုဒ် သတင်းဌာန Echo ရဲ့ သတင်းထောက် တစ်ဦးက နောက်နှစ်နွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူမယ့် အသင်းကို ဒီနွေမှာ အင်တာမီလန်မှ ဘာရယ်လာအတွက် အရင် ကြိုးစားထားဖို့ တိုက်တွန်းခဲ့ပါတယ်။

တည်ဆောက်ချိန် ၁ နှစ် ကျန်ရှိနေသေးတဲ့ The Anfield Road တိုးချဲ့မှု အကြမ်းထည် ပုံစံဟာ အတော်လေး ရုပ်ပေါ်လာခဲ့ပါပြီ။ အဆိုပါ ပွဲကြည့်စင် အပြီးမှာတော့ အန်ဖီးကွင်းဟာ ပရိသတ် ဝင်ဆံ့မှု ၆၁၀၀၀ ထိ ရောက်ရှိမှာဖြစ်ပါတယ်။

ကော်နာ ဘရတ်ဒလေဟာ ဘော်တန်အတွက် ပထမဆုံး ကစားရတဲ့ ပွဲစဉ်မှာတင် ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဆန်းတိုစ့်အသင်းမှ ၁၉ နှစ်အရွယ် တိုက်စစ်မှူး လီယိုနာဒိုကို ပေါင် ၁၂ သန်း ဝန်းကျင်နဲ့ ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။