မန်ယူအသင်း အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဝင်ရောက် လှုပ်ရှားတဲ့အခါ အဓိက ဦးဆောင်သူဟာ မန်နေဂျာတွေ မဟုတ်ပဲ အတ်ဝုဒ်ဝတ်ဖြစ်တယ်လို့ မန်ယူမန်နေဂျာဟောင်း ဗန်ဟားက ထုတ်ပြောလိုက်ပါတယ်။

မန်နေဂျာဟောင်း ဗန်ဟား ထုတ်ပြောခဲ့တဲ့ ကလပ်သင်း အတွင်းအရေးတစ်ချို့ဟာ အသင်းပရိသတ်တွေ ကာလရှည် မသိရတဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကြိုးကိုင်ခံထားရမှုတွေကို သိမြင်ဖို့ ဖြစ်လာစေခဲ့ပြီး အတော်လေးလည်း လူပြောများစရာ ကိစ္စ ဖြစ်လာပါတယ်။

ဗန်ဟားဟာ သူရာထူးကနေ ထုတ်ပယ်ခံရတဲ့ကိစ္စ၊ မော်ရင်ညိုနဲ့ ဆက်ဆံရေး၊ ဒီမာရီယာကို ခေါ်ယူမှု၊ အသင်းအတွင်း စွမ်းဆောင်ရည်ကောင်းတွေ ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲတဲ့ ကိစ္စတွေကိုလည်း ဖြေဆိုပေးခဲ့တယ်။

ဗန်ဟားက သူ့စိတ်ကြိုက် ကစားသမားတွေကို ခေါ်ချင်ပေမယ့် ဝုဒ်ဝတ်နဲ့ သူ့ညာလက်ရုန်း မတ်ဂျာ့ တို့က ခေါ်ယူမှုတွေကို တာဝန်ယူပြီး ကစားသမားတွေကို သူတို့တွေ ကင်းထောက်ကာ ခေါ်ယူမှုတွေ လုပ်ဖို့ကလည်း သူတို့နှစ်ဦးအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

မန်ယူအသင်းပိုင်ရှင် ဂလေဇာနဲ့ ပြောခွင့်ရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ဝုဒ်ဝတ်ဖြစ်ပြီး မန်ယူလို အသင်းဟာ လိုချင်တဲ့ ကစားသမားတိုင်းကို ခေါ်ယူနိုင်တဲ့ ပါဝါရှိပေမယ့် ကစားသမားတွေ ရောက်မလာတာဟာ သူတို့နှစ်ဦးရဲ့ ညိနှိုင်းမှုတွေကနေ ထွက်ရှိလာတဲ့ ရလဒ်လို့ ဗန်ဟားက ပြောခဲ့တယ်။