ပြင်သစ်ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူနိုင်ဖို့ မန်ယူဘက်က အကောင်းဆုံးသော ချိတ်ဆက်မှုတစ်ခုကို ပေးနိုင်ဖို့ ကြိုးစားခဲ့ပြီဖြစ်ပါတယ်။

မန်ယူဟာ PSG ကွင်းလယ်လူကို တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခုနှစ်သောင်းအထိ ပေးမယ့် စာချုပ်ကို ကမ်းလှမ်းခဲ့တာဖြစ်တယ်။ ထပ်ပြီးလည်း လက်မှတ်ထိုးကြေး ယူရို ၅ သန်း ပေးအပ်မယ်လို့ သိရတယ်။ ဒါဟာ ရာဘီရော့ကို ကမ်းလှမ်းနေမှုမှာ အမြင့်ဆုံး ကမ်းလှမ်းမှုဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိတဲ့ ရာဘီရော့ဟာ PSG နဲ့ လက်ရှိ ဘောလုံးရာသီကုန်မှာပဲ စာချုပ်ကုန်ပြီဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့ ငြင်းပယ်ထားလို့ အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ရာသီကုန်ရင် ရာဘီရော့ကို ပြင်သစ်ကနေ ထွက်ခွာစေမှာဖြစ်ပေမယ့် စပိန်ကလပ်တွေကို ပြောင်းမှာတော့ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် ထိပ်သီးအသင်း အများဆုက အလိုရှိနေပေမဲ့ လစာငွေများပြားမှုကြောင့် သူ့ကိုခေါ်ယူဖို့ လက်နှေးနေကြတာဖြစ်တယ်။ မန်ယူရဲ့ ကမ်းလှမ်းမှုဟာ အတော်ကောင်းတဲ့ မက်လုံးကောင်းလည်း ဖြစ်လာပါတယ်။

မန်ယူဟာ ကစားသမားကောင်းတွေနဲ့ ချိတ်ဆက်မှုတွေ လုပ်နေပေမယ့် အတည်ပြု ခေါ်ယူမှုတွေကို လုပ်နိုင်ခြင်း မရှိသေးပေမယ့် ဒီအတွင်း ခေါ်ယူမှုတွေကို အပြီးသတ်မယ်လို့ မျှော်လင့်ထားရပါတယ်။