လီဗာပူးအသင်းဟာ ဒီဇင်ဘာလထဲ ကာတာမှာ ကျင်းပမယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ချန်ပီယံလိဂ် ဗိုလ်စွဲတဲ့ အသင်း အနေနဲ့ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ စတင် ပါဝင်မှာပါ။ ကလပ်အသင်းများ ကန့်ကွက်မှုကြောင့် ဒီနှစ်ပြိုင်ပွဲကို ယခင်စနစ်အတိုင်း ဆက်လက် ကျင်းပလိုက်တာကြောင့် လီဗာပူး ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဇွန်လကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီရယ် စတားရစ်က လက်ရှိအချိန်မှာ ၄င်း အနာဂတ်အကြောင်း မစဉ်းစားလိုသေးဘဲ ချန်ပီယံလိဂ် အောင်ပွဲအပေါ်မှာ ပျော်ရွှင်ခံစားနေကြောင်း ပြောကြားခဲ့ပါတယ်။

စပါး ခံစစ်မှူး ဗာတွန်ဂန်က လီဗာပူးကို ရှုံးတဲ့ပွဲဟာ နာကျင်ရပေမယ့် စပါး ကြယ်ပွင့် ကစားသမားတွေ အားလုံး အသင်းမှာ ဆက်နေကြဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

ယာဂင်ကလော့ပ်ထံ အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက အပြောင်းအရွှေ့ လှုပ်ရှားမှုမှာ လက်ရှိ အသင်းစိတ်ဓါတ်တွေကို လျော့နည်းစေမယ့် အမှားမျိုးကို အတတ်နိုင်ဆုံး ရှောင်ဖို့လိုမယ်လို့ သတိပေးချက် ပေးပို့ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားရအောင် လမ်းပြဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ယာဂင်ကလော့ပ်ကို တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းနဲ့ သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းသွားတော့မှာ ဖြစ်ပါတယ်။

အန်ဒီရော်ဘတ်ဆန် လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲလိုက်တာက နိုင်ငံအသင်းဖော် စကော့တလန်အသင်းသားတွေ အားတက် ပျော်ရွှင်စေခဲ့တယ်လို့ ရော်ဘတ်ဆန်ရဲ့ စကော့အသင်းဖော် Stuart Armstrong က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပက်ဂွာဒီယိုလာက မန်စီးတီးဟာ နောက်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်က လီဗာပူးတစ်သင်းတည်းတင် မဟုတ်ဘဲ အခြား အံ့ဖွယ် ပြိုင်ဘက်တွေလည်း ပေါ်ထွက်လာမယ်လို့ မှတ်ချက်ပေးလိုက်ပြီး လိဂ်မှာ အခြားအင်အားကြီး အသင်း ၅ သင်း ရှိနေသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။