ဂျူဗင်တပ်အသင်းဟာ ချယ်ဆီး မန်နေဂျာဆာရီရဲ့ စာချုပ်ပါကြေး ပေါင် ၅ သန်းကို ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး လာမယ့် ရက်ပိုင်း အတွင်းမှာ အတည်ပြုသ တင်းကို ကြေညာသွားတော့မယ်လို့ The Times က ဖော်ပြသွားပါတယ်။

ချယ်ဆီးနဲ့ စာချုပ် ၁၂ လ ကျန်ရှိနေသေးတဲ့ ဆာရီက အရင်အပတ် သောကြာနေ့က ဒါရိုက်တာ Marina Granovskaia နဲ့ စကားပြောမှုတွေ လုပ်ခဲ့ပြီး ဂျူဗင်တပ်ကို ပြောင်းခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နှစ်ဘက် တာဝန်ရှိသူတွေက စကားပြောမှုတွေ လုပ်ခဲ့ကြတာဖြစ်ပြီး ချယ်ဆီး အသင်း ကို ရောက်ရှိလို့ ၁၁ လ အကြာမှာပဲ ဆာရီဟာ အီတလီကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။

ဆာရီသာ အီတလီသို့ ပြန်သွားပြီး ဂျူဗင်တပ်နည်းပြ ဖြစ်လာခဲ့ရင် အသင်းဟောင်း နာပိုလီ ပရိသတ်တွေအတွက် သစ္စာဖောက် ဖြစ်လာ လိမ့်မယ်လို့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သတိပေးစကား ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ စတုတ္ထမြောက် ရာသီကြို ခြေစမ်းပွဲ အဖြစ် ဇူလိုင် ၂၈ ရက်နေ့မှာ ရက်ဒင်းအသင်းနဲ့ ၄င်းတို့ရဲ့ Madejski Stadium ကွင်းကြီးမှာပဲ ယှဉ်ပြိုင်ကစားဖို့ အတည်ပြုကြေငြာသွားပါတယ်။

ချယ်ဆီးအသင်းရဲ့ ဂျပန်သို့ သွားရောက် ကစားမယ့် ပွဲတွေ အပါအ၀င် ရာသီကြို ပွဲစဉ်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • July 19 vs. Kawasaki Frontale, in Yokohama, Japan
  • July 23 vs. FC Barcelona, in Saitama, Japan
  • July 28 vs. Reading FC, in Reading, England
  • July 31 vs. RB Salzburg, in Salzburg, Austria

ဂျူဗင်တပ်အသင်းဟာ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကို ခေါ်ယူဖို့ ကြိုးစားလာပြီး ၄င်းတို့ ခန့်အပ်တော့မယ့် နည်းပြသစ် ဆာရီက တပည့်ဟောင်း ဖြစ်သူကို ခေါ်ရာမှာ အခရာ ကျလာမယ် ယူဆရပါတယ်။

ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီက နည်းပြဆာရီနေရာမှာ အစား ဝင်ရောက်လိမ့်မယ်လို့ သတင်းကြီးနေပေမယ့် ချယ်ဆီး အသင်းကတော့ ဝက်ဒ်ဖို့ဒ် နည်းပြ ဂါဇီယာ ကို ခေါ်ယူလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်ဆီကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ ကိုဗာချစ်ကို အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်း သတင်းဌာနများမှာ ဖော်ပြထားပါတယ်။