အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ အမ်းမရိတ်မှာ ရစ်ချာလီဆင် ဒါမှမဟုတ် ဆွန်ဟောင်မင်လို ကစားသမားမျိုး ဖြစ်လာနိုင်တယ်လို့ လန်ဒန် အခြေစိုက် သတင်းဌာနများက သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ခံစစ်မှူးကြီး လစ်ခ်ျစတိုင်နာက အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အင်စတာဂရမ်ကနေ တဆင့် ပရိသတ်တွေကို နှုတ်ဆက်သွားပါတယ်။ အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ ခံစစ်မှူးဟာ ပြီးခဲ့တဲ့နွေကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး အာဆင်နယ်နဲ့ တစ်နှစ်သာ စာချုပ် ချုပ်ထားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းမှ ဂိုးသမား Ionut Radu ကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဂျီနိုအာ အသင်းမှာ အငှား ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် ဂိုးသမားကို ပီတာချက်နေရာ အစားထိုးဖို့ ကြံရွယ်နေတာပါ။

အာဆင်နယ်ကနေ ထွက်ခွာပြီ ဖြစ်တဲ့ ဂိုးသမားကြီး ပီတာချက်က ထိပ်ဆုံးအဆင့် တစ်ဆင့်မှာ ကစားသမားတစ်ယောက် ရောက်ရှိဖို့က အလုပ်ကြိုးစားလုပ်ပြီး အားထုတ်ဖို့ လိုအပ်ကြောင်း အမှာစကားပါးခဲ့ပါတယ်။

အိုဇေးလ်ဟာ ချယ်ဆီးအသင်းနဲ့ပွဲစဉ် အတွင်း လူစားလဲခံရပြီးနောက် နည်းပြအမ်မရီကို ‘ခင်ဗျားက နည်းပြ မဟုတ်ဘူး’လို့ ဒေါသတကြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမားကြီး သီယာရီအွန်နရီဟာ လိဂ်ချန်ပီယံရှစ် ကလပ် ဆွမ်ဆီးအသင်းကို ကိုင်တွယ်မယ့် နည်းပြ အဖြစ် ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ တိုက်စစ်မှူးဟောင်းကြီးဟာ မိုနာကို အသင်းနည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံရစဉ်ကတည်းက အသင်း လက်မဲ့ဖြစ်နေသူပါ။

အိုဇေးလ်နဲ့ အာဆင်နယ်နည်းပြ အမ်မရီကြား ဆက်ဆံရေးက ဆိုးသည်ထက် ပိုဆိုးလာပြီ လို့ သတင်းထွက်နေပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အမ်မရီက ” မင်း နည်းပြ မဟုတ်ဘူး” လို့ အိုဇေးကို တုန့်ပြန် ထပ်ခါထပ်ခါ ပြောဆိုခဲ့မှုများက ပိုတင်းမာစေခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် ဂန္ထဝင်ကစားသမားကြီး အီယန်ရိုက်ကတော့ ဂန်းနားတို့အနေနဲ့ ရိုးမားအသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဒီရော့စီကို ခေါ်ယူသင့်တယ်လို့ အကြံပြု တိုက်တွန်းခဲ့ပါတယ်။