လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်ပြီးခဲ့ရင် နောက်ထပ် ခြေစမ်းပွဲ ၁ ပွဲ ထပ်ကစားဖို့ စီစဉ်ထားပါတယ်။

စနေနေ့ ကင်းပါဝါမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ ကစားအပြီး နောက်ထပ် ၂၄ နာရီအကြာ အန်ဖီးကွင်းမှာ စတာစဘော့အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်ထားတာပါ။ ဒီအတွက်လည်း အန်ဖီးကွင်းမှာ မြင်ခင်းပြင် အသစ် ခင်ထားမှုက အဆင်သင့်ဖြစ်နေပြီလို့ သိရတယ်။

လီဗာပူးရဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ သြဂုတ်လ ၆ ရက်နေ့ ဖူလ်ဟမ်အသင်းကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခြင်းနဲ့ စတင်မှာဖြစ်ပါတယ်။ အဆိုပါပွဲအပြီး ၂၄ နာရီအကြာ ဇူလိင်လ ၇ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခွင့်မရတဲ့ ကစားသမားတွေကို ဗီလာနဲ့ ခြေစမ်းပွဲမှာ မိနစ် ၆၀ အနည်းဆုံး ပေးကစားဖို့ စီစဉ်ထားတယ်လို့ သိရတယ်။ ဒီနွေမှာ လီဗာပူး စီနီယာအချို့ဟာ လေ့ကျင့်ချိန် မလုံလောက်ထားတာကြောင့် ဘောလုံးရာသီသစ် စတင်ချိန်မှာ ပွဲကစားခွင့် မိတ်ဆက်ပေးဖို့ ထပ်မံ စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ဗီလာကလည်း သြဂုတ်လ ၆ ရက်နေ့မှာ ဘုန်းမောက်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် နောက်တစ်ရက်မှာ မာဆေးဆိုဒ်ကို လာရောက်ဖို့ သဘောတူခဲ့တာဖြစ်တယ်။ စတီဗင်ဂျရတ်နဲ့ ယာဂင်ကလော့ပ်တို့က ဒီပွဲဖြစ်မြောက်ဖို့ အဓိက စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

ကြံ့ခိုင်မှုအတွက် ကွင်းပိတ်ကစားမယ့် ပွဲစဉ်ဖြစ်တာကြောင့် ပွဲရလဒ်နဲ့ ဘယ်သူတွေ ပါဝင်ခဲ့တယ်ဆိုတာတွေကို မာဆေးဆိုဒ် သတင်းဌာနတွေဘက်က ထုတ်ပြန်ရ သိရမှာဖြစ်ပေမယ့် တိုက်ရိုက်ကြည့်ရဖွယ် မရှိပါဘူး။