လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကွန်မြူနတီဒိုင်းဟာ လက်ရှိ အသင်းသားတွေ အနိုင်မရဖူးတဲ့ ဆုဖလားတစ်ခုမို့ အနိုင်ရလိုပါတယ်လို့ ထုတ်ပြောလာပါတယ်။

လိဂ်ဝမ်းကလပ် ဘော်တန်အသင်းထံ အငှားထွက်နေတဲ့ ညာအစွန်လူ ကော်နာ ဘရတ်ဒလေက အနာဂတ်မှာ စီနီယာအသင်း ပွဲထွက်ခွင့်အတွက် ထရန့်နဲ့ ယှဉ်ပြိုင်လိုတယ်လို့ ဝန်ခံပါတယ်။

ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေတွေကြောင့် လေ့ကျင့်ရေး မဝင်နိုင်သေးတဲ့ ကယ်ဗင် ရမ်ဆေးနဲ့ လက်တွဲ အလုပ်လုပ်ရဖို့ အရမ်းကို စောင့်မျှော်နေပါတယ်လို့ တိုးတက်ရေးဆိုင်ရာနည်းပြ မာတိုစ့်က ပြောပါတယ်။

မာနေးကို လွမ်းဆွတ်နေမိပေမယ့်လို့ လာမယ့်ရာသီမှာ အသင်းဖော်သစ် နူးညက်စ်နဲ့အတူ တွဲကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေရတယ်လို့ ဆာလာက ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွက် ဗြိတိန်ရဲ့ သြဇာအရှိဆုံး အားကစားပိုင်းဆိုင်ရာဆု ဆန်ကာတင် စာရင်းမှာ ဆာလာက အာဆင်နယ်မှ ဆာကာ၊ အဲဗာတန်မှ ကယ်ဗက်လီဝင်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ဈေးကွက် နောက်ဆုံးလကို ရောက်နေပြီဖြစ်တာကြောင့် ဖာမင်နိုအတွက် ကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ တယ်လီဂရပ် သတင်းထောက် Chris Bascombe က ဆိုပါတယ်။

ဘလက်ဘန်းအသင်းက လီဗာပူးကွင်းလယ်လူ မော်တန်ကို အငှားခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲပါ။ စီနီယာအသင်း လူစာရင်းမှာ ဒဏ်ရာပြဿနာတွေရှိတာကြောင့် မော်တန်ကို အငှားချရေး ဆိုင်းငံ့ထားတာပါ။

ယူနိုက်တက်ကနေ ထွက်ရမယ်ဆိုရင် ရော်နယ်ဒိုက လီဗာပူးအသင်းကိုလည်း ပြောင်းပါလိမ့်မယ်လို့ အဘွန်လဟောက မှတ်ချက်ပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲအပြီး ၂၄ နာရီ အကြာမှာ အက်စတွန်ဗီလာနဲ့ ခြေစမ်းပွဲ တစ်ပွဲ ထပ်ကစားဖို့ လီဗာပူးဘက်က စီစဉ်ထားပါတယ်။

ရိုးမားနဲ့ ပီအက်စ်ဂျီ အသင်းတွေဟာ ဝိုက်နယ်ဒမ်ရဲ့ အပြောင်းအရွှေ့ကိစ္စ တိုက်ရိုက် စကားပြောမှု ပြုလုပ်နေပြီဖြစ်ပါတယ်။

မနက်ဖြန် ယှဉ်ပြိုင်မယ့် ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးဘက်က ခံစစ်မှူး လာပေါ့ မပါနိုင်ဘူးလို့ နည်းပြဂွာဒီယိုလာက အတည်ပြုပါတယ်။