ရာသီကြို ခြေစမ်းပွဲတွေ အားလုံး ပြီးခဲ့တဲ့နောက် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲအတွက် တစ်ပတ်တိတိ ပြင်ဆင်ချိန် ရတော့မှာဖြစ်ပါတယ်။

အယ်လီဆန်၊ ချိန်ဘာလိန်၊ ဂျိုတာ၊ အီဘူး၊ ကိတ်တာ၊ ဂျုံးတို့လို စီနီယာတွေ အသေးစားနဲ့ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ အယ်လီဆန်နဲ့ ဂျုံးကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ ပြန်လာနိုင်ဖို့ရှိပြီး ကျန် ကစားသမားတွေက လာမယ့် အပတ်တွေမှာ ပြန်သက်လာသာပါမယ်။

ရာသီပထမဆုံးပွဲကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်သလို စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ကလော့ပ်က တုန့်ပြန်ပါတယ်။

” ဖူလ်ဟမ်နဲ့ပွဲကို စိတ်လှုပ်ရှားနေတာပေါ့။ ရာသီကြို ပြင်ဆင်နေချိန်မှာ ဒီအလုပ်ကို လုပ်လာတာလည်း ကြာပြီဆိုတော့ ဘယ်နေရာတွေကိုာ ဘယ်လို ကောင်းအောင်လုပ်ရမယ် ကျနော် သိလာနေပါပြီ။ ကွန်မြူနတီဒိုင်းပွဲကတော့ သိပ်ကောင်းတဲ့ လက္ခဏာဖြစ်ပြီး ကျနော်တို့ ပုံစံကောင်းတွေ ရနေတယ်၊ ဒါက အရေးကြီးပါတယ်။

အခု ကျနော်တို့ ပြင်ဆင်ချိန် တစ်ပတ်ရမယ်။ နောက်ထပ် ၂ ပွဲအတွက်ဆိုရင် ပြင်ဆင်ချိန် ၂ ပတ်လောက်ကို ရသွားမယ်လို့ ထင်ပါတယ်။ ဒီရာသီကြိုကို အသုံးချရမှာပါ။ ဒါကြောင့်ပဲ ဒီနေ့မှာ လူငယ်တွေကို ကစားစေတာပါ။

အခု ကျနော်တို့တွေက လုံးဝကို ခြားနားမယ့် ဖူလ်ဟမ်နဲ့ပွဲအတွက် သေချာလေး ပြင်ဆင်ရပါမယ်။ ဒါပေမယ့် ကောင်လေးတွေက အခြေအနေ ကောင်းနေပါတယ်။ ကျနော်တို့ ရှိနေတဲ့ နေရာအတွက် ပျော်ရွှင်မိတယ်။

ဒဏ်ရာပြဿနာ နည်းနည်းလေး နည်းရင်တော့ ကောင်းပါမယ်။ အစောပိုင်းမှာတင် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ သိပ်ကံမကောင်းပါဘူး။ ဒါပေမယ့် ကောင်လေးတွေက အနှေးနဲ့ အမြန် ပြန်လာကြမှာပါ။ ကျနော်တို့ လူစာရင်း အပြည့်ကို အသုံးချရပါမယ်။

ဒီအခြေအနေမှာတော့ ပွဲနေ့အတွက် ထုတ်သုံးနိုင်မယ့် အသင်းသားတွေက သိပ်ကောင်းနေပြီး ပုံစံကောင်း ရနေပါတယ် ” လို့ ကလော့ပ်က ဆိုခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးသမား အယ်လီဆန်၊ ခံစစ်က ထရန့်၊ ရိုဘို၊ ဗန်ဒိုက်၊ မာတစ်။ ကွင်းလယ်မှာ ဖာဘင်ညို၊ သီယေဂို၊ ဟန်ဒါဆန်နဲ့ တိုက်စစ်မှာ ဒီယက်စ်၊ ဖာမင်နို၊ ဆာလာတို့ ပါဝင်ကာ အရန်မှာတော့ အတ်ဒရီယန်၊ ဂိုးမက်စ်၊ ကာဗာရို၊ ဟာဗေး၊ နူးညက်စ်၊ ကိုစတက်၊ ဂျုံး၊ မီလ်နာတို့ ပါဝင်လာဖွယ် ရှိနေပါတယ်။