စနေနေ့မှာ လီဗာပူးအသင်းက ဖူလ်ဟမ်အသင်းကွင်းထဲ သွားရောက်ပြီး ပရီးမီးယားလိဂ် အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လက်တလောမှာ ရမ်ဆေး၊ ချိန်ဘာလိန်၊ ဂျိုတာတို့ ဒဏ်ရာရနေသလို ကိတ်တာကလည်း ဖျားနေတာကြောင့် ဖူလ်ဟမ်ပွဲ လွဲဖွယ်ရှိနေပါတယ်။ နောက်ဆုံး ဆင်းထားတဲ့ လေ့ကျင့်ရေးမှာဆိုရင် ကိုနတေး၊ ကိုစတက်၊ ဂျုံးတို့ ပါဝင်နိုင်ခဲ့ကြခြင်း မရှိပါဘူး။

ဂိုးသမားတွေဖြစ်တဲ့ အယ်လီဆန်၊ ကလယ်ဟာတို့ရဲ့ ကြံ့ခိုင်မှုတွေ စောင့်ကြည့်နေရဆဲ အခြေအနေမှာဘဲ အက်ဆာလေ့ကျင့်ရေးအတွင်း လူငယ်အချို့ကို ခေါ်ယူကာ စီနီယာအသင်းနဲ့ တွဲဘက်ပေးထားတယ်လို့ လီဗာပူးအခြေစိုက် သတင်းဌာနတွေကတစ်ဆင့် သိရပါတယ်။

ထူးခြားဖြစ်ရပ်အရဆိုရင် ရိုဘိုကို မတွေ့ရပါဘူး။ ဒါပေမယ့် ဒဏ်ရာကြောင့် မဟုတ်နိုင်ဘဲ စိုးရိမ်စရာ မရှိလောက်ဘူး ယူဆရပါတယ်။ နွေတုန်းက အသင်းနဲ့အတူ ပူးပေါင်းထားတဲ့ ဘာ့ဆဲတစ်၊ မာဘာရာ၊ ကလက်၊ ချမ်ဘာတို့အပြင် လူငယ်ကွင်းလယ်လူ ဖရန့်ဒေါ့လည်း ပါဝင်လာခဲ့ပါတယ်။

ယူ-၂၁ အဆင့် ကွင်းလယ်လူတွေဖြစ်တဲ့ ကလာဆန်နဲ့ ဂျိတ်ကိန်းတို့က စီနီဝာအသင်းနဲ့အတူ လေ့ကျင့်နေကြပြီး ခံစစ်အတွဲဖြစ်တဲ့ နက်ဖီးလစ်နဲ့ ဆပ်ဗန်ဒန်ဘတ်တို့ကိုလည်း အသင်းရဲ့ လေ့ကျင့်ရေးမှာ မြင်ထားရပါတယ်။

ဖူလ်ဟမ်နဲ့ ဘုန်းမောက်တို့က နက်ဖီးလစ်အတွက် ကြိုးစားနေသလို ဘန်လေ၊ ဘေဆယ်တို့ကလည်း နယ်သာလန် ခံစစ်သမား ဗန်ဒန်ဘတ်ကို ချိတ်ဆက်နေတာပါ။ ဒါပေမယ့် အခုချိန်ထိ သူတို့တွေ လီဗာပူးအသင်းမှာ ရှိနေဆဲဖြစ်ပါတယ်။

စီနီယာတွေဖြစ်တဲ့ ဆာလာ၊ နူးညက်စ်၊ ဒီယက်စ်၊ ဖာမင်နို တိုက်စစ်သမားတွေအပြင် သီယေဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ မီလ်နာ၊ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်၊ ထရန့်တို့လည်း လေ့ကျင့်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေပါတယ်။

ဒီရာသီ အားထားရတဲ့ ကစားသမားတွေဖြစ်လာမယ့် ဟာဗေး၊ ကာဗာရိုတို့ကိုလည်း လေ့ကျင့်ရေးမှာ တွေ့ထားရပြီး အသင်းလူစာရင်းဟာ ဒဏ်ရာရ ကစားသမားတွေ များနေပေမယ့် တောင့်တင်းနေဆဲပဲ ဖြစ်ပါတယ်။

Liverpool squad in training

Defenders: Van Dijk, Matip, Gomez, Phillips, Van den Berg, Alexander-Arnold, Mabaya, Chambers

Midfielders: Thiago, Fabinho, Henderson, Elliott, Milner, Carvalho, Bajcetic, Clarkson, Cain

Forwards: Salah, Diaz, Nunez, Firmino, Clark, Frauendorf

Not pictured: Konate, Robertson, Tsimikas, Ramsay, Keita, Oxlade-Chamberlain, Jones, Jota