သြစတြီးယား ရာသီကြိုမှာ လီဗာပူးအသင်းသားတွေ ပွေ့ပိုက်နေကြတဲ့ ငါးကို ဖမ်းမိခဲ့သူက ကိုစတက်ဖြစ်ပြီး အသင်းဖော်တွေက ငါးရဲ့ အလေးချိန်ကို မယုံနိုင်လို့ ဝင်မကြည့်ခဲ့ကြတာပါလို့ ဒါဝင် နူးညက်စ်က ဖွင့်ပြောလာပါတယ်။

လီဗာပူး အဓိက ဂိုးသမားဖြစ်သူ အယ်လီဆန်ကို လေ့ကျင့်ရေးမှာ ပြန်တွေ့နေရပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

လီဗာပူးအသင်းဟာ ဂျိုတာကို စာချုပ်သက်တမ်း တိုးခဲ့အပြီး ကွင်းလယ်လူ ကိတ်တာကို စာချုပ်ကိစ္စ ညိနှိုင်းနေပြီဖြစ်ကာ အဆုံးသတ် အနေအထားထိတော့ မရောက်သေးပါဘူး။

ဝုဗ်အသင်းခေါင်းဆောင်ဖြစ်တဲ့ လီဗာပူးအကယ်ဒမီထွက် ခံစစ်မှူး ကုတ်ဒီကို ခေါ်ယူဖို့ အဲဗာတန်အသင်းက ကြိုးစားနေပါတယ်။

ယာဂင်ကလော့ပ်၊ ပပ်လင်ဒါး၊ ပီတာတို့နည်းတူ လီဗာပူးအသင်းဟာ ထိပ်တန်း တိုးတက်ရေးဆိုင်ရာ နည်းပြဖြစ်သူ ဗင်တာ မာတိုစ့်ကိုလည်း သက်တမ်းတိုးခဲ့တာလို့ သိရပါတယ်။

ပရီးမီးယားလိဂ် ရာသီသစ်မှာ ကလပ်အားလုံးက ပွဲမတိုင်ခင် လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင် တုန့်ပြန်တဲ့ ဒူးထောက်တဲ့ ဓလေ့ကို ထပ်မံ ပြုလုပ်ကြတော့မှာ မဟုတ်ပါဘူး။

ဖူလ်ဟမ်ပွဲကြို လေ့ကျင့်ရေးမှာ အသေးစား ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ကိုစတက်၊ အီဘူး၊ ကာတစ်ဂျုံးတို့ မပါဝင်နိုင်သေးပါဘူး။ ဂျုံး ပြန်သက်သာလာဖို့ကတော့ ၂ ပတ်ကနေ ၄ ပတ်ထိ ကြာမြင့်သွားနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ ဦးစားပေး ကွင်းလယ်အတွဲဖြစ်တဲ့ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယေဂိုတို့ရဲ့ အသက်တွေ့က ကြီးရင့်လာပြီဖြစ်လို့ သွေးသစ်တွေကို ထည့်သွင်းရတော့မယ်လို့ ကာရေဂါက သတိပေးပါတယ်။

ခံစစ်မှူး မာတစ်ဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးသော အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှုဖြစ်တယ်လို့ ပပ်လင်ဒါးက ညွှန်းဆိုပါတယ်။

ကာတာ ကမ္ဘာဖလားကို လီဗာပူးနည်းပြအဖွဲ့ လိုက်သွားမှာဖြစ်ပြီး အသင်းသားတွေကို အနီးကပ် စောင့်ကြည့်ကာ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်။

ဘီဘီစီ ဘောလုံးသုံးသပ်သူ ၂၂ ဦးမှာ ၉ ဦးက ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လီဗာပူးအသင်းကနေ ထွက်ခွာသွားတဲ့ အားကစားဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝပ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ကွင်းလယ်လူဟောင်း ဝိုက်နယ်ဒမ်ဟာ ဒီနွေမှာ စီးရီးအေကလပ် ရိုးမားအသင်းထဲ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။