ဒီရာသီမှာတော့ နာမည်ကျော် ပရီးမီးယားလိဂ် သုံးသပ်သူဟောင်းဖြစ်တဲ့ လော်ရိုး အနားယူသွားခဲ့တာကြောင့် ဘီဘီစီမှာ သူ့ရဲ့ ခန့်မှန်းတွေ ရှိလာတော့မှာ မဟုတ်ပါဘူး။

လီဗာပူးကစားသမားဟောင်းဖြစ်တဲ့ လော်ရိုးဟာ ဘီဘီစီက သူ့ရဲ့ ခန့်မှန်းတွေမှာ လီဗာပူးအသင်းကို ဘယ်တုန်းမှ အရှုံးရလဒ် ခန့်မှန်းပေးသူ မဟုတ်ခြင်းအတွက် ဝေဖန်ခံရသူဖြစ်တယ်။ ဘက်လိုက်တယ်လို့ ပြောခံရပေမယ့် လော်ရိုးကတော့ သူ့ရဲ့ သုံးသပ်သူဘဝမှာ လီဗာပူးကို ဘက်ကန်ဖို့ အမြဲတမ်း ငြင်းဆန်ခဲ့ပါတယ်။

ဒီရာသီကစလို့ ဘီဘီစီရဲ့ ခန့်မှန်း အစီအစဉ်မှာ လော်ရိုးအစား ဘလက်ဘန်းအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်သမားဟောင်း ခရစ် ဆက်တန်က အစားဝင်ပြီး သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၁)
သြဂုတ်လ ၆ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ။

ဆက်တန်ရဲ့ သုံးသပ်ချက်။ ။ ကျနော်က လော်ရိုးရဲ့ သုံးသပ်မှုတွေနောက်လိုက်ပြီး အပတ်တိုင်း လီဗာပူးနိုင်မယ်ဆိုတဲ့ သုံးသပ် ခန့်မှန်းပေးမှုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ အဲ့လို အသင်းစွဲနဲ့ သုံးသပ်မှုကို မလုပ်ချင်ပါဘူး။

ဒါပေမယ့်လို့ ဒီအပတ်ပွဲကို လီဗာပူး အရေးနိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ ကွန်မြူနတီဒိုင်းမှာ လီဗာပူးအသင်းက သိပ်ကို ကောင်းထားခဲ့တာပါ။ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့ ဖူလ်ဟမ်အတွက် စနေနေ့ပွဲဟာ ခက်ခဲပါလိမ့်မယ်။ သူတို့က ဒီတစ်ရာသီလုံး ရုန်းကန်မှုတွေ ရင်ဆိုင်သွားရမယ်လို့ ထင်မိပါတယ်။

ဖူလ်ဟမ်နဲ့ လီဗာပူးပွဲအတွက် ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းကတော့ လီဗာပူးအသင်းက ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။