Alisson – 6 (out of 10)

ရာသီကြိုမှာ တောက်လျှောက် မပါခဲ့တဲ့ အယ်လီဆန်ဟာ ဒီပွဲမှာ ကစားကွက်ကို ကူညီပေးဖို့ အနည်းငယ် အားနည်းခဲ့ပါတယ်။ သွင်းဂိုး ၂ ဂိုးကတော့ သူလည်း ကာကွယ်ဖို့ ခက်ခဲခဲ့ပြီး အခြားသော ဂိုးပေါက် ခြိမ်းခြောက်မှုတွေကိုတေ့ ဟန့်တားပေးခဲ့ပါတယ်။

Trent Alexander-Arnold – 6

ထရန့်ဟာ ဒီပွဲမှာတော့ ပွဲစတည်းက အထနှေးနေခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်ချိန်မှာ သူ့ရဲ့ ဘောလုံးပေးမှုတွေက နှေးကွေးလှပြီး အပျက်လည်းများခဲ့ပါတယ်။ မီထရိုဗစ်ရဲ့ သူ့ကို ဦးတည် ထိုးဖောက်မှုတွေ ပြုလုပ်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ ခြေစွမ်းကောင်းအချို့ကို ပြသခဲ့ပြီး ဆာလာရဲ့ ခြေပဂိုးမှာ သူ့ရဲ့ ပေးမှုကလည်း အဓိက ကျခဲ့ပါတယ်။

Joel Matip – 6

မာတစ်က သူ့ရဲ့ ပုံစံအတိုင်း ကွင်းလယ်ကနေ ကျော်ဖြတ်ပြီး ဧရိယာထိပ်ထိ သွားဖို့ ကြိုးစားခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ မာကျောတဲ့ ပုံစံတွေ ပြခဲ့ပြီး အမှား မများခဲ့ပါဘူး။

Virgil van Dijk – 6

ခံစစ်မှာ လွှမ်းမိုးမှုကြီးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒီပွဲမှာ တိုက်စစ်အတွက် ပေးမှုတွေနဲ့ မကူညီနိုင်တာကလွဲလို့ အမှားကြီးတွေ မရှိခဲ့ပါဘူး။ မီထရိုဗစ်ကို သူ့ရဲ့ ဟန့်တားမှုဟာ ပင်နယ်တီဖြစ်ခဲ့မယ်လို့ ဘယ်သူမှ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။

Andy Robertson – 6

ဘယ်ခြမ်းကနေ ဒီယက်စ်ကို ကူညီပေးဖို့ ကြိုးစားခဲ့ပြီး ပုံမှန်အတိုင်း ဘယ်ခြမ်းကနေ ဖြတ်တင်ဘောတွေ လုပ်ပေးခဲ့ပါတယ်။ ရိုဘိုအတွက်ကတော့ သာမာန်ခြေစွမ်းထက် မပိုတဲ့ နေ့တစ်နေ့ပါပဲ။

Fabinho – 4

ပထမတစ်ပိုင်းလုံး ဖူလ်ဟမ်ရဲ့ ဘောလုံးပိုင်ဆိုင်မှုကို ဟန့်တားဖို့ ရုန်းကန်ခဲ့ရသလို ဖိအားပေးမှုတွေကလည်း နောက်ကျနေပါတယ်။ ဖူလ်ဟမ်ရဲ့ ပေးပို့မှုနဲ့ ဘောလုံး ဆွဲပြေးမှု အတော်များများက ဖာဘင်ညို ဘေးကနေပဲ ဖြစ်ပွားသွားခဲ့ပါတယ်။ လူစားလဲခံရသင့်သူ ဖြစ်ခဲ့ပါတယ်။

Jordan Henderson – 5

ပထမပိုင်းရဲ့ ခြေမပေါ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ နှေးကွေးနေခဲ့ကာ ဖာဘင်ညိုရဲ့ ဟာကွက်တွေကို ဖြည့်ပေးဖို့ ကြိုးစားမှုတွေက အရာမထင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ သူ့ရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပါတယ်။

Thiago – 5

ကြံ့ခိုင်မှု မပြည့်သေးဘူးလို့ ယူဆရပေမယ့် သီယေဂို ဘယ်အချိန် ကြံ့ခိုင်မှု ပြည့်နေသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ အသင်း ကွင်းလယ်လူသစ် ခေါ်ယူသင့်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ သီယေဂိုရဲ့ ဒဏ်ရာ မှတ်တမ်းကြောင့်ပါ။ ဘောလုံးဖြန့်ဝေဖို့ ကြိုးစားခဲ့ပေမယ့် အရမ်း အလုပ်မဖြစ်ခဲ့ဘူး။ တံကောက်ကြော ဒဏ်ရာ ရခဲ့တယ်လို့ ထင်ပါတယ်။

Mohamed Salah – 8

ဟာဗေး ဝင်လာတဲ့နောက် ဆာလာရဲ့ ကစားပုံက ပိုတိုးတက်လာပါတယ်။ ဆာလာက သူနဲ့ တွဲပေးဖို့ အလှုပ်ကစားသမားမျိုး လိုအပ်နေတာပါ။ ပထမပိုင်းမှာ သူ့ရဲ့ ညာခြမ်းက ဆွဲပြေးမှုတွေက တစ်ကိုယ်တော်ပုံစံနဲ့ အလုပ်သိပ်မဖြစ်ခဲ့ဘဲ ဟာဗေး၊ ထရန့်နဲ့ တွဲရာမှာ ပို ထင်ပေါ်ခဲ့ပါတယ်။ ဧရိယာထဲမှာ အန္တရာယ်ကြီးဆဲဆိုတာ ပြသခဲ့ပါတယ်။

Luis Diaz – 6

ပထမပိုင်းမှာ တစ်ဦးချင်း ထိုးဖောက်မှုကောင်းတွေ ပြသခဲ့ပေမယ့် အသင်းလိုက် ကစားပုံမှာတော့ ခက်ခဲမှုတွေ ရှိနေဆဲပါပဲ။ ဆာလာနဲ့ တောင်ပံတွေမှာ ဟန်ချက်ညီညီ ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပေမယ့် သူ့ထံကနေ အလားအလာကောင်းတဲ့ ခြိမ်းခြောက်မှုတွေ မြင်ခဲ့ရပါတယ်။

Roberto Firmino – 4

ဒီပွဲရဲ့ ခြေစွမ်း ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေထဲ ပါဝင်ခဲ့ပါတယ်။ ဆာလာ၊ နူးညက်စ်တို့ကို နေရာလွတ်တွေရအောင် ကူညီပေးဖို့ ကလော့ပ်က ဖာမင်နိုကို ရွေးခဲ့ပေမယ့် ပထမပိုင်းမှာ တိုက်စစ်သမားတွေ ဘောလုံးကိုင်ကစားရမှု နည်းခဲ့တာက တွဲဘက်မှု အလုပ်မဖြစ်ခဲ့တာကို ပြသနေမှာပါ။ သူ့နေရာမှာ လူစားဝင်လာတဲ့ နူးညက်စ်က ပိုပြီး သွက်လက်စွာ ကစားနိုင်ခဲ့ပါတယ်။

Substitutes

Darwin Nunez (on for Firmino, 51′) – 8

ထိချက် အချို့နဲ့ အဆုံးသတ်ချက်အချို့ အားနည်းခဲ့ပေမယ့် တစ်ပွဲလုံး အကောင်းဆုံး ကစားသမားထဲ ထည့်သင့်ပါတယ်။ လီဗာပူးရဲ့ ဖိအားအောက်ရောက်နေတဲ့ ကစားဟန်ဟာ နူးညက်စ် ဝင်လာချိန်မှာ တက်ကြွလာခဲ့ပါတယ်။ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဆာလာအတွက်ပါ ဖန်တီးပေးခဲ့ပါတယ်။

Harvey Elliott (on for Thiago, 51′) – 8

ဟန်ဒါဆန်ကို နေရာရွှေ့ပြီး ဟာဗေးကို သူ့နေရာဝင်ကာ ဆာလာနဲ့ တွဲကစားစေခဲ့တာက အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းဆိုရင်တော့ လာမယ့် ပဲလေစ့်နဲ့ပွဲမှာ ဟာဗေး ပွဲထွက်ရနိုင်ပါတယ်။

James Milner (on for Fabinho, 59′) – 7

ဖာဘင်ညိုအစား ဝင်လာခဲ့ပြီး လှုံ့ဆော်မှုဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်း ကစားပုံ ပြန်တက်လာရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

Fabio Carvalho (on for Diaz, 78′) – 6

ပြေးပိတ်ခွင့်တစ်ကြိမ်ကို အဆုံးသတ်နိုင်ခဲ့ရင် ပိုပြီး ကျေနပ်စရာဖြစ်ခဲ့မှာပါ။ ဆယ်ကျော်သက်လေးဟာ သူ့ရဲ့ ပထမဆုံးသော လီဗာပူးပွဲကို ကစားခွင့် ရခဲ့ပါတယ်။