ဒီနွေမှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ် ‘Intensity’ ကို ထုတ်ဝေထားခဲ့ပြီဖြစ်ပါတယ်။

အဲ့သည် စာအုပ်မှာတော့ သူ့ရဲ့ လီဗာပူးနည်းပြဘဝ အတွေ့အကြုံတွေကို ထည့်သွင်း ရေးသားထားသလို သူနဲ့ ကလော့ပ်ကြားက သိပ်ကောင်းတဲ့ ဆက်ဆံရေးလည်း ပါဝင်ခဲ့ပါတယ်။ အဲ့စာအုပ်ထဲမှာတော့ မနှစ်ကရာသီမှာ လီဗာပူးအသင်း အတော်လေး အထင်ကြီးခဲ့တဲ့ ကစားသမား ၅ ဦး အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်၊ လူးဝစ် ဒီယက်စ်၊ ဘာနာတို ဆေးဗား၊ နီကို ဘာရယ်လာ၊ ဂျိုအာ ဖီးလစ်ဆိုတဲ့ ကစားသမား ၅ ဦးကို တော်တော်လေးကို အထင်ကြီးကြောင်းကို ပပ်လင်ဒါးက ဝန်ခံထားခဲ့ပါတယ်။ အဲ့စာရင်းထဲ နူးညက်စ်နဲ့ ဒီယက်စ်တို့ဟာ လီဗာပူးကစားသမားတွေပါ ဖြစ်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်နဲ့ လင်ဒါးတို့ဟာ အင်တာမီလန်ကလပ်မှ အီတလီကွင်းလယ်လူ ဘာရယ်လာကို အတော်နှစ်သက်ကြပါတယ်။ ဒါပေမယ့်လို့ အသင်းဘက်က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရဲ့လားတော့ မသေချာပါဘူး။ အသက် ၂၅ နှစ်အရွယ် ဘာရယ်လာကတော့ အင်တာမီလန်ကို မစွန့်ခွာဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

ဈေးကွက်ထဲမှာ ဘာရယ်လာကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ လောက် ကုန်ကျမယ်လို့ သတင်းထွက်ထားတာ ရှိပါတယ်။ လီဗာပူးအသင်းဟာ ဘာရယ်လာနဲ့ ဘယ်လင်ဟမ် နှစ်ဦးကို ကွင်းလယ် အဓိက ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ဟန်ရှိပြီး ဒေါ့မွန်အသင်းထံ အင်္ဂလန်သားအတွက် ဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်နွေမှ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ နူးညက်စ်ကို မခေါ်စဉ်က လီဗာပူးအသင်းဟာ မိုနာကို ကွင်းလယ်လူ ချူအာမီနီနဲ့ ချိတ်ဆက်ခဲ့ဖူးပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်တည်းက ချူအာမီနီက ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။