လီဗာပူးပရိသတ်အချို့က စပို့တင်း ကွင်းလယ်လူ မက်သရုးစ်ဟာ ကျောနံပါတ် ၁၀ ဝတ် လီဗာပူးကစားသမားဖြစ်ကြောင်း ဝီကီက ကစားသမားရဲ့ ကိုယ်ရေးအကျဉ်းမှာ သွားရောက် ပြင်ဆင် ရေးသားခဲ့ကြပါတယ်။

အက်ဆာလေ့ကျင့်ရေးမှာ လီဗာပူး ကစားသမားတွေ၊ ဝန်ထမ်းတွေဟာ သားသမီတွေ၊ မိသားစုဝင်တွေနဲ့အတူ တွေ့ဆုံပွဲတစ်ခု စီစဉ်ခဲ့ကြပါတယ်။

ကွင်းလယ်လူ မီလ်နာဟာ ရာသီသစ်ရဲ့ ပထမဆုံးသော အိမ်ကွင်းပွဲမှာ အသင်းရဲ့ လုပ်နိုင်စွမ်းတွေကို ပြသဖို့ တိုက်တွန်းလိုက်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဆေးဗားက ဒီနှစ်တွေမှာ စီးတီးနဲ့ လီဗာပူးတို့ဟာ အမှတ်ပေးဖလားအတွက် ရေပန်းစား အသင်းတွေဖြစ်ပေမယ့် အင်္ဂလန် ကြီး ၆ ကြီး ကလပ်တွေဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်ကြပါတယ်လို့ မှတ်ချက်ပေးပါတယ်။

ဘော်တန်ရဲ့ အမှတ်ပေးပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဘရတ်ဒလေဟာ သွင်းဂိုး ၁ ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီ ဘော်တန်အတွက် ဂိုးထောက်ပံ့မှု ၂ ကြိမ်ပါ လုပ်ပေးထားခဲ့ပါပြီ။

ယူနိုက်တက်ပရိသတ်တွေဟာ သူတို့ရဲ့ ဒီရာသီ ဒုတိယမြောက် အိမ်ကွင်းပွဲအဖြစ် လီဗာပူးကို ရင်ဆိုင်ရမယ့်နေ့မှာ ဂလေဇာမိသားစုကို ထပ်ပြီး ဆန့်ကျင့်ဖို့ ပြင်ဆင်နေပါတယ်။

ဂျင်မီကာရေဂါက လူတစ်ယောက် ထပ်ခေါ်ဖို့နဲ့တော့ ကွင်းလယ်လူသစ် မခေါ်ယူဖို့နဲ့ အရည်အချင်းရှိပြီး အသင်းအတွက် ကလော့ပ်အတွက် အသုံးဝင်မယ့် ကွင်းလယ်လူကိုပဲ သေချာလေး ခေါ်ယူဖို့ လီဗာပူးအသင်း တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို လီဗာပူးအသင်းက ကာလရှည် စောင့်ကြည့်ခဲ့ပေမယ့် တရားဝင် ချိတ်ဆက် ပြောဆိုမှု မရှိထားဘူးလို့ ရိုမန်နိုက ဆိုပါတယ်။

မနှစ်က အငှားထွက်ကစားစဉ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လီဗာပူးရဲ့ ရာသီကြိုကို မပါဝင်ရခြင်းအပေါ် စိတ်ပျက်မိပါကြောင်း လူငယ်ကွင်းလယ်လူ ဂျိတ်ကိန်းက ဝန်ခံလိုက်ပါတယ်။ သူက ဒီနွေမှာပဲ နောက်ထပ် အငှားထွက်မှု ပြုလုပ်ဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်း စောင့်ကြည့်နေတဲ့ ၁၉ နှစ်သား ညာတောင်ပံ တိုက်စစ်သမား ပီနိုအတွက် ဗီလာရီးရဲလ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်း သတ်မှတ်လိုက်ပါတယ်။

ဒီရာသီ ပထမဆုံး အန်ဖီးကွင်းပွဲစဉ်အဖြစ် ပဲလေစ့်ကို ရင်ဆိုင်ရမယ့် ဒီအပတ်ပွဲမှာ နူးညက်စ် ပွဲထွက်ခွင့်ရမယ်လို့ သတင်းကြီးလာနေပါတယ်။