လီဗာပူးအသင်းဟာ ကြိုးစားလုပ်ဆောင်မှုတွေ ရှိနေပေမယ့် လက်ကျန် ဈေးကွက် ကာလအတွင်း ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်သွားနိုင်မယ့် အနေအထားမှာ ရှိမနေပပါဘူး။

သီယေဂို ဒဏ်ရာက ၄ ပတ် နားရပါမယ်လို့ ကလော့ပ် ကိုယ်တိုင်က ထုတ်ပြောအပြီးမှာ မှန်ကန်တဲ့ ကစားသမား မဟုတ်ခဲ့ရင် လူသစ် ခေါ်ယူဖို့ ခက်ခဲမယ်လို့ နည်းပြကြီးက ပြောပါတယ်

“ ကျနော်တို့မှာ ဒဏ်ရာ ပြဿနာတွေ ရှိနေတယ်။ ဒါက ကျနော်တို့ အခြေအနေပါပဲ။ အခုချိန်မှာ မေးခွန်းတစ်ခုက ကစားသမားတွေ ဘယ်လောက်ကြာကြာ နားနေရဦးမလဲ ဖြစ်ပါတယ် ” လို့ ကလော့ပ်က ပြောပါတယ်။

ဒဏ်ရာပြဿနာကို ဖြေရှင်းဖို့အတွက်ကိုတော့ “ အဲ့အတွက် မတူညီတဲ့ ဖြေရှင်းစရာတွေတော့ ရှိတာပေါ့။ အဲ့ထဲက တစ်ခုကတော့ အပြောင်းအရွှေ့ ဈေးကွက်ပါပဲ။ ကစားသမားတစ်ဦး ခေါ်လိုက်တာ မဟုတ်ဘဲ မှန်ကန်တဲ့ ကစားသမားကို ခေါ်ယူနိုင်မာပဲ အဓိပ္ပာယ် ရှိပါတယ်။

ကိုယ်က မှန်ကန်တဲ့ ကစားသမား ခေါ်နိုင်ခဲ့ပြီဆိုရင်တော့ ဟုတ်တာပေါ့။ အဲ့တာမျိုးကို ဈေးကွက် စဖွင့်တည်းက ကျနော်တို့ လုပ်ထားခဲ့ပြီးပါပြီ။ အချို့ကိစ္စတွေက မဖြစ်နိုင်ပါဘူး။ အချို့ကိစ္စတွေကျ အရမ်းခက်ခဲပါတယ် ” ဆိုပြီး ကလော့ပ်က ရှင်းပြပါတယ်။

လီဗာပူးအသင်းက ကွင်းလယ်လူသစ် ခေါ်ယူဖို့ ကြိုးစားမှာလားဆိုတဲ့ မေးခွန်းကို မေးခဲ့ကြပါတယ်။ ကလော့ပ်က တစ်ခုပြောခဲ့တာက အသင်းဟာ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့တယ်လို့ဖြစ်ပြီး အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ကလော့ပ်က “ မေးခွန်းကို ကျနော် နားလည်ပါတယ် ဒါပေမယ့် အရမ်းနားလည်တာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဖြေရှင်းနည်းတွေ ရှိပါတယ်။ မှန်ကန်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ ကျနော်တို့ သိပါတယ်။

ရာသီစတည်းက လူတွေက ကွင်းလယ်လူ လိုအပ်တယ်လို့ ပြောနေကြတာကိုတော့ ကျနော် နားမလည်ဘူး။ ဘာလို့လဲဆိုတော့ ဒီလို အသေးစိတ်ကျကျ ရှာဖွေကြမယ်ဆိုရင် အမြဲတမ်း တစ်ခုမဟုတ် တစ်ခုက လိုနေမှာပဲလေ။

မှန်ကန်တဲ့ ကစားသမားကို ရမယ်ဆိုရင် ကျနော်တို့ ခေါ်ယူသွားပါမယ်။ ဒါပေမယ့် အဲ့လို မှန်ကန်တဲ့ ကစားသမားကို ခေါ်ယူနိုင်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့ စကားပြောမှုတွေ အများကြီး လုပ်ထားခဲ့ပါတယ်။ တစ်ခုခု ဖြစ်လာမယ့် အနေအထားမျိုး မမြင်မိပါဘူး ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။