ခရစ္စတယ်ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီအဲရာက သူတို့ဟာ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲတုန်းကအသင်းနဲ့ မတူညီတဲ့ လီဗာပူးအသင်းကို ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

လီဗာပူးဟာ ခရာဗင်ကော့တေ့ဂျ်က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ၂ ကြိမ်တိုင် နောက်ကလိုက်ကစားခဲ့ရပြီးနောက် သရေတစ်မှတ်နဲ့ စိတ်ပျက်ဖွယ် ရာသီအစကို ဖွင့်လှစ်ခဲ့တာပါ။

ဗီအဲရာရဲ့အသင်းဟာ အဖွင့်ပွဲမှာ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီတစ်ကြိမ်မှာ ပိုကောင်းတဲ့ ရလဒ်ကို မျှော်လင့်နေပါလိမ့်မယ်။ သူကလည်း ဖူလ်ဟမ်ပွဲကနဲ့မတူ အများကြီး တိုးတက်လာတဲ့ လီဗာပူးအသင်းကို ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

“ အဲ့ဒီပွဲက ဘောလုံးရာသီ ပထမဆုံးပွဲပါ။ လီဗာပူးအသင်းက သူတို့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိမနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ အလှည့်ကျရင်တော့ အဲ့ပွဲကနဲ့ မတူညီနဲ့ လီဗာပူးအသင်း ဖြစ်နေလိမ့်မယ်။

ကျွန်တော်တို့ အသင်းဟာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လေ့ကျင့်ရေးကနေ တိုးတက်လာခဲ့ပါတယ်။ လီဗာပူးလည်း ကျနော်တို့လိုပဲ တိုးတက်လာနိုင်ပါတယ်။ အန်ဖီးထက် ပိုကောင်းတဲ့ ပတ်ဝန်းကျင်ကို ရှာတွေ့ဖို့ ခက်ပါတယ်။

ကျွန်တော်တို့ ကစားသမားတွေက အဲ့ပွဲအတွက် တကယ်ကို စိတ်လှုပ်ရှားနေတယ်။ အန်ဖီးက သိပ်ကောင်းတဲ့ ကွင်းနဲ့ အားပေးမှုတွေ ရှိရာ နေရာပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ ပျော်ရွှင်ခံစားချင်တယ်။ ဒါက စိန်ခေါ်မှုတွေရှိမှာဖြစ်ပေမယ့် ကျွန်တော်တို့ကလည်း သူတို့အတွက် စိန်ခေါ်မှု ဖြစ်ပေးနိုင်ပါတယ်။

မနှစ်က ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးကောင်းတချို့ ရခဲ့တယ်။ အဲ့ဒီ့လို အခြေအနေတွေကို ထပ်မံပြီး ဖန်တီးခဲ့တာပါ။ ကျွန်တော်တို့ ရဲရင့်ရမယ်။ ကျွန်တော်တို့မှာရှိတဲ့အင်အား၊ အရည်အသွေးတွေနဲ့ အဲ့ပွဲကို ကစားဖို့ ကြိုးစားမယ်။ အကောင်းဆုံးခြေစွမ်းပြဖို့ ကြိုးစားသွားမှာပါ ” လို့ ဗီအဲရာက ဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ တနင်္လာနေ့ အန်ဖီးမှာ ပဲလေ့စ်နဲ့ ကစားရတဲ့အခါ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။