၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပထမဆုံးသော အိမ်ကွင်းပွဲစဉ်အဖြစ် ဒီကနေ့ညမှာ လီဗာပူးအသင်းက လန်ဒန်ကလပ် ပဲလေစ့်အသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ဖြေရှင်းစရာတွေ ရှိနေပေမယ့် အန်ဖီးကွင်းက ပရိသတ်တွေရှေ့ ပထမဆုံး ပြန်ကစားရမယ့်ပွဲမှာ အနိုင်ရလဒ်ကို သေချာပေါက် ရယူဖို့ အားထုတ်ပါလိမ့်မယ်။ ဒီပွဲစဉ်အတွက် ဘီဘီစီမှ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း ခရစ် ဆက်တန်ရဲ့ သုံးသပ်ချက်ကို ဖော်ပြလိုက်ပါတယ်။

လီဗာပူး Vs ပဲလေစ့်
ပရီးမီးယားလိဂ် ပွဲစဉ် (၂)
သြဂုတ်လ ၁၆ ရက်၊ အင်္ဂါနေ့မနက်။
မြန်မာစံတော်ချိန် မနက် ၁း၃၀ နာရီ။

ဘီဘီစီမှ ဆက်တန်ရဲ့ သုံးသပ်ချက်။ ။ အာဆင်နယ်ကို ရင်ဆိုင်တဲ့ အိမ်ကွင်းပွဲကို အရေးနိမ့်ခဲ့ခြင်းနဲ့အတူ ပဲလေစ့်က ဆိုးရွားတဲ့ တာထွက်ကို စတင်ထားပါတယ်။ အဲ့ပွဲအပြီး လီဗာပူးကို ရင်ဆိုင်ရမယ်ဆိုတာက သူတို့အတွက် လွယ်ကူတာတော့ မဟုတ်ပါဘူး။

ဖူလ်ဟမ်နဲ့ပွဲမှာ ခြေချော်ထားတဲ့ လီဗာပူးအသင်းက ဒီပွဲမှာတော့ ရမှတ် ထိခိုက်လို့ မရတော့ပါဘူး။ အနီရောင်တွေမှာ ဒဏ်ရာ ပြဿနာ အချို့ ရှိနေတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်အတွက် ကိစ္စကြီးက တိုက်စစ်မှူးသစ် ဒါဝင် နူးညက်စ်ကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးမလား ဆိုတာပါပဲ။

ဒါဝင်ကို အရန်ခုံမှာ ထိုင်ခိုင်းမယ်ဆိုရင် လီဗာပူးပရိသတ်တွေတောင်မှ ကလော့ပ်ကို မေးခွန်းထုတ်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် အဲ့ကိစ္စက ဖြစ်လာမှာ မဟုတ်ဘဲ တိုက်စစ်မှူးသစ်ကို ပွဲထုတ်မှာပါ။ ဒီပွဲမှာ လီဗာပူးက ဂိုးတွေ ဆက်တိုက် သွင်းယူမှာဖြစ်ပြီး ပဲလေစ့်အတွက် ခက်ခဲတဲ့ ညတစ်ည ဖြစ်လာပါလိမ့်မယ်။

ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်း။ ။ လီဗာပူး 4-0 ပဲလေစ့်