ပဲလေစ့်ပွဲအတွက် ပွဲနေ့ လူစာရင်းမှာ ကွင်းလယ်လူ ကိတ်တာနဲ့ ဘယ်အစွန်လူ ကိုစတက်တို့ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

လီဗာပူး အားကစားဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝတ်ဟာ ချယ်ဆီးအသင်းက ကမ်းလှမ်းတဲ့ ဒါရိုက်တာ ရာထူးကို ပယ်ချလိုက်ပါတယ်။

ပဲလေစ့်ကို ယှဉ်ပြိုင်ရမယ့်ပွဲမှာ တိုက်စစ်မှူးနေရာကနေ နူးညက်စ် ပွဲထွက်ခွင့်ရမယ်ဆိုတဲ့ သတင်းက ပိုမို ခိုင်မာလာနေပါပြီ။

ဗဟိုခံစစ်မှာ ကိုနတေးနဲ့ မာတစ်တို့ ဒဏ်ရာရနေတာကြောင့် အသင်းဟာ ခံစစ်မှူးတွေဖြစ်တဲ့ နက်ဖီးလစ်၊ ဗန်ဒန်ဘတ်တို့ရဲ့ အနာဂတ်ကို အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ အချိန်ယူ ထိန်းထားဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ လက်ရှိ ကွင်းလယ်လူတွေနဲ့ မတူညီတဲ့ ကွင်းလယ်လူသစ် တစ်ဦးကို ခေါ်ယူရမယ်ဆိုတဲ့ တိုက်တွန်းမှုတွေကို ကလော့ပ်က ငြင်းဆန်လိုက်ပြီး အသင်းက လက်ရှိ ကွင်းလယ်မှာ မရှိတဲ့ ကစားသမားမျိုးထက် မှန်ကန်တဲ့ ကွင်းလယ်လူကို လိုအပ်တာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

နွေဈေးကွက်ကနေ လူသစ်ခေါ်ယူဖို့ စောင့်မျှော်မှုတွေ ရှိနေပေမယ့် လီဗာပူးအသင်းဟာ နောက်ထပ် ကစားသမား တစ်ဦး ခေါ်ယူဖို့ရာ ဘဏ္ဍာရေးပိုင်း လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။

ယူ-၂၁ အသင်းမှ အဓိက ကစားသမားတွေဖြစ်တဲ့ ဘော်ဘီ ကလက်နဲ့ ဘာ့ဆဲလ်တစ်တို့ဟာ ဒီကနေ့ ယှဉ်ပြိုင်မယ့် စီနီယာအသင်းရဲ့ ပဲလေစ့် ပွဲစဉ်မှာ အရန်လူစာရင်းကနေ ပါဝင်လာနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ ရာသီသစ်အတွက် တတိယမြောက် ဂျာစီ ပုံရိပ်တွေ ထွက်ပေါ်လာနေခဲ့ပါပြီ။

ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားထွက်နေတဲ့ ကွင်းလယ်လူ တေလာ မော်တန်ဟာ ဒုတိယမြောက် ပွဲစဉ်မှာ အရန်ခုံကနေ ထလာခဲ့ပြီး နည်းပြဖြစ်သူ ကျေနပ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

စပါးကွင်းလယ်လူ ဟော့ဘတ်က မန်စီးတီး၊ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့က လိဂ်ရဲ့ အားအကောင်းဆုံး အသင်းတွေအဖြစ် ရွေးချယ်သွားပါတယ်။

မနေ့က နော်တင်ဟမ် ဖောရက်စ်နဲ့ ဝက်ဟမ်း ပွဲစဉ်မှာ လီဗာပူး တိုက်စစ်မှူးဟောင်း အဝန်နီယီက တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။