ရာသီကြို လေ့ကျင့်ရေး ပထမအပတ်မှာတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဂျိုတာဟာ သြဂုတ်လ အကုန်မှတော့ ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။

သီတင်းပတ် ၅ ပတ်ကြာ အနားယူနေခဲ့ရတဲ့ ဂျိုတာဟာ ရာသီကြို ခြေစမ်းပွဲစဉ် အားလုံးကို လွဲချော်ထားခဲ့သလို သြဂုတ်လအတွင်း ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အမှတ်ပေးပွဲ အားလုံးကိုလည်း လွဲချော်သွားမှာ ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက ပဲလေစ့်ပွဲမှာ အနီကဒ် ရခဲ့တဲ့ နူးညက်စ်ဟာ ယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်ပွဲတွေကို လွဲချော်သွားမှာဖြစ်ပါတယ်။ လက်တလောမှာတော့ အသင်းရဲ့ နံပါတ် ၉ နေရာမှာ ဖာမင်နို၊ နူးညက်စ်၊ ဂျိုတာတို့ မကစားနိုင်တာကြောင့် ဘော်ဘီ ကလက် တစ်ဦးတည်း ရှိနေမှာဖြစ်ပါတယ်။

လီဗာပူးသတင်းထောက် Neil Jones ရဲ့ ဖော်ပြမှုအရ ဂျိုတာဟာ ဒီအပတ်တွေမှာ ဘောလုံးကစားနိုင်ရေးထက် စက်တင်ဘာလ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်ပွဲမှာ ပါဝင်ဖို့ကိုပဲ “လက်တွေ့ကျတဲ့ ပစ်မှတ်” အဖြစ် ရည်ရွယ်ထားလိမ့်မယ်လို့ ဖော်ပြသွားခဲ့တယ်။

ဒါကြောင့် စက်တင်ဘာလ ၃ ရက်နေ့ မာဆေးဆိုဒ် ဒါဘီပွဲမှာ နူးညက်စ်ကော ဂျိုတာပါ ပြန်ပါလာဖို့ရှိကာ ကလော့ပ် အနေနဲ့ ဘယ်တိုက်စစ်သမားကို ဦးစားပေး အသုံးပြုမလဲ စောင့်ကြည့်ရပါလိမ့်မယ်။

ဂူဒီဆန်ပက်ပွဲ မတိုင်ခင် လီဗာပူးအတွက် အရေးအကြီးဆုံး ကိစ္စကတော့ လာမယ့်အပတ် အင်္ဂါနေမှာ ယှဉ်ပြိုင်ရမယ့် အိုးထရတ်ဖိုဒ့်ပွဲအတွင်း တိုက်စစ်မှူးနေရာက ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာပဲ ဖြစ်လာပါလိမ့်မယ်။

အိုးထရတ်ဖိုဒ့်ပွဲအတွင်း တိုက်စစ်မှူးနေရာက ဘယ်သူ့ကို ပွဲထုတ်မလဲ ဆိုတဲ့အတွက် သုံးသပ်ချက်ကို ပေ့မှာ ဖော်ပြထားပြီဖြစ်လို့ ဝင်ရောက် ဖတ်ရှုကြည့်နိုင်ပါတယ်။