ဒီအပတ် ယူနိုက်တက်နဲ့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာပဲ ကလော့ပ်က သူလည်း ကွင်းလယ်လူသစ် တစ်ဦး လိုချင်ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

ရှားရှားပါးပါးအဖြစ် ကလော့ပ် ကိုယ်တိုင်က လူသစ်ခေါ်ယူရေးအတွက် ကိုင်တွယ်ရသူဟာ သူမဟုတ်ဘူးဆိုတာကို ပရိသတ်တွေ နားလည်ဖို့ စကားနည်းနည်း ပြောခဲ့တယ်။

ဒီနွေမှာ လီဗာပူးအသင်း ကွင်းလယ်လူသစ်ရဖို့ ပရိသတ်တွေဘက်က မျှော်လင့်သလို ကလော့ပ်လည်း မျှော်လင့်ဟန်ရှိပေမယ့် အပြောင်းအရွှေ့ ကိစ္စ လုပ်ပိုင်ခွင့်က မန်နေဂျာလက်ထဲမှာ ရှိမနေပါဘူး။

ကလော့ပ်ကတော့ လူသစ် ထပ်မရခြင်းအတွက် စိတ်ပျက်နေမယ့်အစား သူ့ရဲ့ အသင်းသားတွေကို ဦးဆောင်ပြီး ရလဒ်တွေအတွက် အားထုတ်ဖို့ပဲ စဉ်းစားနေပါတော့တယ်။ သူကတော့ ပရိသတ်တွေကို အခြေအနေတွေအကြောင်း သိကြစေဖို့ ခပ်ပါးပါးလေး ဖြေပေးခဲ့ပါတယ်။


ကလော့ပ်ကပဲ ” ကွင်းလယ်လူတိုင်း ကြံ့ခိုင်နေမယ်ဆိုရင် ကျနော်တို့အတွက် လုံလောက်ပါတယ် (မကြံ့ခိုင်ရင် မလုံလောက်ဘူးလို့ သွယ်ဝိုက် နားလည်လို့ ရပါတယ်) ။ ဒါပေမယ့် လူသစ်ခေါ်ယူဖို့ စောင့်ကြည့်မှုတွေလုပ်တိုင်း မှန်ကန်တဲ့ ကစားသမားဖြစ်ဖို့ သေချာအောင် လုပ်လေ့ရှိပါတယ်။

အကယ်လို့ မှန်ကန်တဲ့ ကစားသမားက ဈေးကွက်ထဲ ရှိနေမယ်ဆိုရင် ကျနော်တို့ သူ့ကို လက်မှတ်ထိုး ခေါ်ယူဖို့ လုပ်မှာပါ။ မဟုတ်ခဲ့ရင်တော့ ကစားသမားတစ်ယောက် လက်မှတ်ထိုးလို့လည်း ဘာမှ မထူးပါဘူး။

အခြေအနေက မပြောင်းလဲသေးပါဘူး။ အခုဆိုရင် မျှော်လင့်ထားတာထက်တောင် ကျနော်တို့မှာ ဒဏ်ရာ ပြဿနာတွေ ရှိနေပါတယ်။ နောက်ထပ် ကွင်းလယ်လူသစ်တစ်ယောက် ခေါ်ယူနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပါ၊ တကယ်ပြောတာပါ။

ဒါပေမယ့် အခုတော့ ကျနော်တို့မှာ ကောင်လေးတွေ ပြန်လာတော့မှာပါ။ အခြေအနေက ဒီလိုပဲ ပြောင်းလဲနေတာပါပဲ။ နောက်ထပ် ကိစ္စတစ်ခုကတော့ ကျနော်တို့ အပြောင်းအရွှေ့မှာ ဘာတွေသုံးနိုင်သလဲအပေါ် တာဝန်ယူရတဲ့သူက ကျနော် မဟုတ်ပါဘူး။ ဒါက ကျနော်တို့ အခြေအနေပါပဲ။

ကိစ္စတွေအတွက် ဆွေးနွေးတယ်၊ နောက်ပြီး သဘောတူညီမှုရအောင် လုပ်တယ်။ အမြဲတမ်း တူတူပါပဲ။ အခုထိ မပြောင်းလဲပါဘူး။ ကောင်းကောင်းကြီး နားလည်မှုအတွက်ကော နားလည်နိုင်စွမ်း မရှိမှုတွေကြောင့်ပါ ဒီနေရာမှာ ကျနော်တို့ ရှိနေတာလို့ ပြောလို့ ရပါတယ်။

လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် ကျနော် အမြဲတမ်း လက်ခံပေးပါတယ်။ ဒါပါပဲ။ ကိုယ် တာဝန်ယူခွင့်မရှိတဲ့ ကိစ္စအပေါ်မှာ စိုးရိမ်နေလို့လည်း ဘာမှ မထူးပါဘူး။ အကောင်းမြင်စိတ်နဲ့ စွမ်းအင်တွေကို ဖြုန်းတီးတာပဲ ဖြစ်နေမှာပဲ။

ကျနော် ဒီအစုအဖွဲ့ကို နှစ်သက်ပါတယ်။ တကယ်ပြောတာပါ။ သူတို့ ကြည့်ကောင်းတာကြောင့်တင် မဟုတ်ပါဘူး၊ သူတို့မှာ စရိုက်ကောင်းတွေ ရှိပါတယ်။ အခုတေ့ာ လုပ်ကြရအောင်ဗျာ။ စိုးရိမ်ပူပန်မနေကြပါနဲ့ ဒါတွေက လက်ခံရမယ့် ကိစ္စတွေပါပဲ။ ဒါကို လက်ခံပြီး ရှေ့ဆက်ကြရအောင်ပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။