လီဗာပူးလ်အသင်းဟာ မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ လက်စတာစီးတီး ကွင်းလယ် တိုက်စစ်သမား ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ စတင် ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်စတာအသင်းကတော့ ၄င်းတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း(၆၀) တန်ကြေးသတ်မှတ်ထားပြီး လီဗာပူးလ်က ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ စပါး၊ မန်စီးတီး၊ မန်ယူ အစရှိတဲ့ ကစားသမားတွေနဲ့ အပြိုင် ချိတ်ဆက်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် လက်စတာ ကတော့ ၄င်းတို့ တောင်းဆိုထားတဲ့တန်ကြေးအတိုင်းပေးချေမှ ကစားသမားကို လက်လွှတ်ပေးသွားမယ်လို့ သိရပါတယ်။

ယခင် လီဗာပူးလ် နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာဟာ က လက်စတာအသင်းကို လက်ရှိ နည်းပြနေပေမယ့် ရော်ဂျာဟာ မက်ဒီဆင်ကို မဆုံးရှုံးချင်သလို လက်စတာအနေနဲ့ကလည်း၂၀၂၃ ခုနှစ်အထိ စာချုပ်ထားတဲ့ ၄င်းတို့ရဲ့ကစားသမားကို အတင်းအကြပ်ရောင်းချဖို့ ဖိအားရှိမနေဘူးလို့ သိရပါတယ်။

မန်ယူနဲ့ နည်းပြ ဆိုးလ်ရှားဟာ လက်ရှိနွေရာသီမှာ ဂျိမ်းစ်မက်ဒီဆင်ကိုအဓိက ပစ်မှတ်အနေနဲ့ သတ်မှတ်ထားပြီး အရင်လတွေမှာတည်းက အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မန်ယူအတွက် အားသာချက်ကတော့ မက်ဒီဆင်က အသင်းကစားသမားဟောင်း ရော်နယ်ဒိုကို စံပြအဖြစ် သတ်မှတ်ထားပြီး မန်ယူပရိသတ်လည်း ဖြစ်ပါတယ်။

” ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်က ခရစ္စတီယာနိုရော်နယ်ဒိုပါ၊ ကျွန်တော်သူ့ကို အမြဲတမ်းစောင့်ကြည့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ငယ်ငယ်တုန်းက မန်ယူနိုက်တက်ရဲ့ပရိသတ်တစ်ဦးပါ၊ ”

” မန်ယူနဲ့ပတ်သက်လို့ ပထမဦးဆုံး အမှတ်တရကတော့ သူတို့ ဘိုင်ယန်မြူးနစ်ကို နိုင်ခဲ့တဲ့ အချိန်တုန်းကပါ၊ကျွန်တော့်အဖေဟာ ကျွန်တော်နဲ့ စားပွဲကို ပတ်ပြေးနေခဲ့ပါတယ်၊ ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာကစားဖို့ ငယ်ငယ်လေးကတည်းက အိပ်မက်ရှိခဲ့တာပါ၊ ယူနိုက်တက်မှာသာ ကစားရမယ်ဆိုရင် ကျွန်တော်တစ်သက်လုံးမေ့နိုင်တော့မှာမဟုတ်ပါဘူး” လို့ မက်ဒီဆင်က ၀န်ခံ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဂျိမ်းစ်မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာ အလားအလာကောင်းတွေရှိတဲ့ အင်္ဂလန်သားတစ်ဦးဖြစ်ပြီး ယခင် ဘောလုံး ရာသီမှာတုန်းက လက်စတာအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲအထိ ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး(၇)ဂိုးနဲ့အတူ ဂိုးဖန်တီးမှုလည်း (၇)ကြိမ်အထိရှိခဲ့ပါတယ်။