ဒီဇင်ဘာမှာ ဆိုးရှားဟာ ဟိုဆေးမော်ရင်ညို နေရာကို အစားဝင်ခဲ့တာဖြစ်ပြီး မန်ယူက ပီအက်စ်ဂျီကို အနိုင်ယူကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ရောက်ခဲ့သလို ကလပ်ရဲ့ ယာယီနည်းပြက အားသစ်လောင်းပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လဲ မန်ယူဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး သရဲနီတို့ဟာ ငါးပွဲဆက် အနိုင်မရခဲ့တာနဲ့အတူ ဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရပါတယ်။

ဆိုးရှားဟာ မန်ယူရဲ့ ဂုဏ်သိက္ခာကို ပြန်သယ်ဆောင်ပေးနိုင်လားလို့ နာနီကို မေးမြန်းခဲ့ရာ ” အတိတ်မှာ သူ ဒါကို လုပ်ခဲ့ပြီးပြီ။ အခုချိန်မှာ နေရာ မတူပေမယ့် ကလပ်က ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့တယ်ဆိုတာကို သူသိတယ်။

ဒါပေမယ့် ကစားသမားတွေကို ပြသဖို့၊ စိတ်ဓာတ်ကို ပြောင်းလဲဖို့၊ ပြိုင်ပွဲစုံမှာ ယှဉ်ပြိုင်နိုင်အောင် ဦးဆောင်ပေးဖို့ သူ့မှာ ကောင်းမွန်တဲ့ အစွမ်းအစ အချို့ ရှိတယ်။ အရင် ယူနိုက်တက်လိုမျိုး ပြန်ဖြစ်အောင် တတ်နိုင်သလောက် မြန်မြန် သူကြိုးစားမှာပါ။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ မန်ယူဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ၃၂ မှတ်အကွာ အဆင့်ခြောက်နေရာသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် စိတ်ပျက်စရာ ရာသီတစ်ခု ဖြစ်ခဲ့တာပါ။

အန်ဒါဟာရဲရား နဲ့ ဗလန်စီယာတို့က အိုးလ်ထရက်ဖို့ဒ်ကနေ သေချာပေါက် ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပြီး ပေါ့ဘာ၊ လူကာကူ၊ ဆန်းချက်၊ ဒီဂီယာနဲ့ ဟွမ်မာတာ တို့ကလဲ အနာဂတ် မတည်မငြိမ် ဖြစ်နေပါတယ်။

အိုလီဂန်နာဆိုးရှားက အသင်းကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာနဲ့အတူ အေဂျက် ကပ္ပတိန် ဒီလစ်၊ ဘင်ဖီကာရဲ့ ဂျွာအို ဖီးလစ်၊ ရီးရဲလ်ကြယ်ပွင့် ဂါရတ်ဘေးနဲ့ ပီအက်စ်ဂျီ နောက်ခံလူ မူနီရာတို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။