မန်စီးတီးအသင်း ဟာ မနေ့ညက ကာရာဘောင်း ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်ကို အံ့ဩစရာ ရလဒ်အဖြစ် ၂-၀ နဲ့ အရေးနိမ့်ကာ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဒီဘရိုင်း၊ ဟာလန်းတို့ကို မထည့်ခဲ့ပေမယ့် ဂရီလစ်၊ ဖိုဒန်၊ အဲဗာရက်စ်တို့နဲ့အတူ တိုက်စစ် စုဖွဲ့ခဲ့ခြင်းဖြစ်ကာ ပထမပိုင်းမှာတင် ၂-၀ ဖြင့် အရေးနိမ့်နေခဲ့တာပါ။ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ လောက်ရှိပေမယ့် ဂိုးပေါက်တည့်မှုတောင် မရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဒီဘရိုင်း၊ ဟာလန်းတို့လို အဓိက ကစားသမားတွေ ပိုမို ထည့်သွင်းပြီး ကစားကွယ်ကို ဆယ်မဖို့ ကြိုးစားခဲ့ပေမယ့် သွင်းဂိုးရအောင် အားထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဂွာဒီယိုလာက ‘ ပို ကောင်းတဲ့အသင်း အနိုင်ရသွားတာပါ။ ကျနော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့သလို ပွဲ စ ကတည်းက ကစားပုံ မကောင်းခဲ့ပါဘူး။ ပွဲ အများအပြားမှာ စတင်ပုံ မကောင်းပေမယ့် ပြန်လည် တုန့်ပြန်နိုင်တာတွေ ရှိခဲ့ပြီး ဒီပွဲမှာတော့ အဲ့လို မလုပ်နိုင်ခဲ့ပါဘူး။

ဒီလိုပွဲမှာ ကောင်းကောင်း မပြင်ဆင်နိုင်ရင် ရောက်ရမှာကို တစ်လက်မလောက် နောက်ကျရင် ဂိုးမသွင်းနိုင်တော့ပါဘူး။ ကိုယ်က အကောင်းဆုံး ပြင်ဆင်ထားမှပဲ ဂိုး သွင်းယူနိုင်မှာ ဖြစ်ပါတယ်။

ဒီညကတော့ ဆိုးရွားတဲ့ ညတစ်ညပါပဲ။ ပြိုင်ဘက်က ပိုကောင်းခဲ့တာကြောင့် သူတို့ကို ဂုဏ်ပြုပါတယ်။ ပွဲတွေကို အနိုင်ရဖို့ဆိုရင် ထိုက်တန်မှုရှိဖို့ လိုအပ်ပြီး ဒီညမှာ ကျနော်တို့က နိုင်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအပြီး ဆီမီးဖိုင်နယ် မဲခွဲမှုမှာတော့ ယူနိုက်တက်က နော်တင်ဟမ် ဖောရက်စ်၊ နယူးကာဆယ်က ဆောက်သမ်တန်ဖြင့် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဒီအပတ် စနေနေ့မှာပဲ မန်ချက်စတာ ဒါဘီအဖြစ် မန်စီတီးဟာ ရလဒ်ကော စွမ်းဆောင်ရည်ပါ သိပ်ကောင်းနေတဲ့ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။