ဖူလ်ဟမ် အသင်းဟာ ကလပ်ရဲ့ အထင်ကြီးစရာ ပရီးမီးယားလိဂ် တကျော့ပြန်ခရီးကြောင့် နည်းပြ မာကိုဆေးဗားကို ကာလရှည်စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ ဖူလ်ဟမ်က ညကလည်း ချယ်ဆီးကို အနိုင် ကစားခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ဂွမ်ဒူဇီ ဟာ ပရီးမီးယားလိဂ်ထံ ပြန်ရောက်လာနိုင်ဖွယ်ရှိပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ရင် သူ့အသင်းဟောင်း အာဆင်နယ်အတွက် ရာခိုင်နှုန်းတချို့ ရရှိဦးမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘောလုံးကလပ်တစ်ခုအတွက် စံချိန်တင် အမြင့်မားဆုံးအဖြစ် တစ်နှစ်ကို လုပ်ခလစာအတွက် ပေါင် ၆၄၅ သန်း အသုံးပြုခဲ့ကြောင်း ၂၀၂၃ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချယ်ဆီးအနေနဲ့ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်မယ်ဆိုရင် ပိုချက်တီနို က ချယ်ဆီးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

ကမ္ဘာ့ဖလား အောင်မြင်ခဲ့တဲ့ မက်ဆီကို အောင်ပွဲခံ အခမ်းအနား လုပ်ခွင့်ပေးရင် ပြင်သစ် ပရိသတ်တွေထံက တုန့်ပြန်မှုတွေဟာ စိုးရိမ်စရာ ဖြစ်လာနိုင်တာကြောင့် ပီအက်စ်ဂျီဘက်က ကြိုဆိုခြင်း အခမ်းအနားလုပ်ပေးရေးကို ပိတ်ပင်ခဲ့ပါတယ်။

လိဒ်စ်ဟာ တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ ဦးစားပေးအာရုံစိုက်ထားတာနဲ့အတူ ဒီလနှောင်းပိုင်းမှာ မော်ရိုကို ကွင်းလယ်လူ အူနာဟီရဲ့ အပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့ခြင်း မရှိပါဘူး။

ပရိသတ်တွေဟာ လက်မှတ်ဆေး မတန်တဆ မြင့်တက်မှုအတွက် ဒေါသထွက်နေကြတာနဲ့အတူ ချယ်ဆီးနဲ့ ဖူလ်ဟမ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲ လက်မှတ်တွေက ရောင်းမကုန်ခဲ့ပါဘူး။

ဘောလုံးအားကစားရဲ့ စည်းကမ်းသတ်မှတ်သူတွေဟာ ကစားချိန်မြှင့်တင်ရေးနဲ့ အချိန်ဆွဲတာတွေ လျှော့ချဖို့ကို ဆွေးနွေးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဝုဗ်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ အက်သလက်တီကိုကနေ ဗဟိုနောက်ခံလူ ဖိလစ်ပီကို ခေါ်ယူချင်နေပါတယ်။