အဲရစ်တန်ဟက်ဟာ ဒီဘောလုံးရာသီမှ စတင်ပြီး မန်ချက်စတာ ယူနိုက်တက်ကို နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလ အနည်းငယ် အတွင်း ရာသီဝက်ကာလမှာတင် တန်ဟက် က အသင်းကြီး ပြိုင်ဘက် နည်းပြတွေကို တော်တော်များများ အနိုင်ယူထားနိုင်ခဲ့ပါပြီ။

ယူနိုက်တက်ဟာ ဒီရာသီ အထနှေးခဲ့ပေမယ့် လက်ရှိမှာတော့ အမှတ်ပေးဇယား ဦးဆောင်ထားသူ အာဆင်နယ် အသင်းနဲ့ ၉ မှတ် အကွာကို ရောက်ရှိလာပါတယ်။

အိုးထရက်ဖို့ဒ်မှာ ၆ လတာ အတွင်း တန်ဟက် ဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မှတ်တမ်းကိုတောင် ကျော်ဖြတ်ပြီး နိုင်ပွဲ ၂ဝ အမြန်ဆုံး ပြည့်တဲ့ မန်နေဂျာလည်း ဖြစ်လာပါတယ်။

ဒီအပတ် မန်ချက်စတာ ဒါဘီမှာလည်း ယူနိုက်တက်က မန်စီးတီးကို ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပြီး တန်ဟက် အနိုင်ယူခဲ့တဲ့ အသင်းကြီး နည်းပြ ၄ ဦး ထိ ရှီလာခဲ့ပြီ ဖြစ်ပါတယ်။ ထို လေးဦးကတော့ အာဆင်နယ်မှ အာတီတာ၊ စပါးရဲ့ ကွန်တီ၊ စီးတီးမှ ပက် ဂွာဒီယိုလာနဲ့ လီဗာပူးမှ ယာဂင်ကလော့ပ်တို့ ဖြစ်ပါတယ်။

တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ပေါ်တာရဲ့ ချယ်ဆီးကိုလည်း မနိုင်ခဲ့ပေမယ့် ရှုံးတော့ မရှုံးဘဲ အောက်တိုဘာလထဲ စတန်းဖို့ဘရစ်ချ်က ပွဲဟာ ၁-၁ နဲ့ သရေကျထားခဲ့တာပါ။

ယူနိုက်တက်ဟာ ခုချိန်ထိ ဒီရာသီ ဖလား ၄ လုံး ရယူနိုင်တဲ့ လမ်းကြောင်းမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်ခြေ ရှိနေသေးသလို ကာရာဘောင်းဖလား၊ အက်ဖ်အေဖလား နဲ့ ယူရိုပါလိဂ်ဖလားတွေမှာပါ အခွင့်ရေးကောင်းတွေ ရှိနေပါတယ်။