အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီရဲ့အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ကို သူ့အသင်းအတွက် ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။

၂၀၂၀ ခုနှစ် ဘောလုံးရာသီကနေ စတင်ပြီး အင်တာမီယာမီအသင်းဟာ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲအတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာပါ။ အသင်းပိုင်ရှင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းဟာ သူရဲ့ အသင်းကို အင်အားတောင့်တင်းနေဖို့အတွက်နဲ့ ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်ဖို့အတွက် နာမည်ကြီးတွေကို ခေါ်ယူလိုနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥရုဂွေးတိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကို ဒေးဗစ်ဘက်ခမ်းက အင်တာမီယာမီအသင်းအတွက် ဆွာရက်ဇ်က ၄နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆွာရက်စ်က မပြောင်းလိုပေမယက် ဘာစီလိုနာကတော့ အသင်အရွယ်အရ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတွေ ကျဆင်းနေတဲ့ ဆွာရက်စ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ဘက်ခမ်းဟာ အင်တာမီယာမီကလပ်ဆီကို ပြောင်းရွှေ့လာဖို့အတွက် ဆွာရက်အပြင် ရိုးမားအသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်လူ ဒီရော့စီကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ဒီရော့ဆီဟာ ရိုးမားအသင်းနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအကုန်မှာပဲ လမ်းခွဲထားခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသစ်သစ် ရှာဖွေနိုင်မှာဖြစ်လို့ ဘက်ခမ်းက အင်တာမီယာမီအသင်းအတွက် ခေါ်ယူချင်နေတာဖြစ်ပါတယ်။