ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေမှာ ကစားသမား အပြောင်းအလဲကြီးတွေ လုပ်ဆောင်လာတော့မှာဖြစ်ပြီး ဘာနေဗျူးကလပ်ရဲ့ ကစားစမား အဝင်အထွက်တွေက ကြီးမားနိုင်တယ်လို့ ခန့်မှန်းထားရတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကိုကို ကမ်းလှမ်းလာမယ့်အသင်းရှိပါက ရောင်းထုတ်ဖို့ ပြင်ဆင်လာပါတယ်။ သူဟာ မာလာဂါကနေ ပြောင်းလာပြီးနောက် နောက်ဆုံးရာသီမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူပါ။

မန်နေဂျာဆိုလာရီ လက်ထက်ကစလို့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးတဲ့နောက် အစ္စကိုဟာ ရီးရဲလ်ကနေ ဒီနွေမှာ ထွက်ခွာလိုနေပါတယ်။ သူကို့ ခေါ်ယူဖို့ မန်စီးတီး၊ ဂျူဗင်တပ်အပြင် ဘာစီလိုနာဘက်ကလည်း အလိုရှိနေပါတယ်။ ဒါပေမယ့် စပိန်ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက အတော်လေး မြင့်မားပြီး ယူရို ၇၀၀ သန်း ထိတောင် ရှိထားတာပါ။

ရီးရဲလ်မက်ဒရစ်ဘက်က အစ္စကိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၀ သန်းလောက်ထိ အလိုရှိနေပြီး သူ့နေရာမှာ နောက်ထပ် ကွင်းလယ်လူတစ်ဦးကို အစားထိုးဖို့ လုပ်ဆောင်နေပါတယ်။ အက်သလက်တီကိုနဲ့ ဘာစီလိုနာထံက စိတ်ဝင်စားခြင်း ရထားပေမယ့် ရီးရဲလ်မက်ဒရစ်က ပြည်တွင်းအသင်းတွေထံ ရောင်းချလိုစိတ် နည်းပါးနေပါတယ်။

အသက် ၂၇ နှစ်အရွယ် အစ္စကိုဟာ ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ်တွေမှာ ကစားနိုင်သူဖြစ်ပြီး အင်္ဂလန်နဲ့ ဂျာမနီ ထိပ်သီးအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။