ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ လီဗာပူး တိုက်စစ်သမား ဆာလက်ကို ဒီနွေမှာ ခေါ်ယူနိုင်ဖို့ စဉ်းစားလာပါတယ်။ လီဗာပူးနဲ့ ကာလရှည် သက်တမ်းရှိထားတဲ့ ဆာလက်ကို ခေါ်ယူလိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရမှာပါ။

လီဗာပူးအသင်းဟာ နောက်နှစ်မှာ ပိုမိုအင်အားတောင့်တင်းတဲ့ အသင်း ဖြစ်လာစေရန် မန်စီးတီးမှာကဲ့သို့ ဖာနန်ဒင်ဟိုလိုမျိုး စွယ်စုံရ ကွင်းလယ် ကစားသမား တစ်ယောက်နဲ့ ဖာမီနိုကို စိန်ခေါ် ကစားနိုင်မယ့် တိုက်စစ်မှူး တစ်ယောက် ခေါ်ယူဖို့ လိုတယ်လို့ တိုက်စစ်မှူးဟောင်း ကော်လီမိုးက သုံးသပ် တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ် သတင်းထွက်နေတဲ့ ရှာကီရီက ၄င်းဟာ အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်ပြီး ထွက်ခွာဖို့ စိတ်ကူး မရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အန်ဒီရော်ဘတ်ဆန်က လီဗာပူး ဂိုးသမား အယ်လစ်ဆန်က အများနဲ့ မတူ ခြားနားတဲ့ အဆင့် တစ်ခုမှာ ရှိနေပြီး ၄င်းရဲ့ ထူးချွန်မှုကြောင့်လည်း စပါးနဲ့ ပွဲမှာ clean sheet နဲ့ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပါးကို 2-0 နဲ့ အနိုင်ရခဲ့ပြီး အဆိုပါပွဲမှာ ကျင့်သုံးတဲ့ နည်းစနစ်တွေဟာ ပွဲမတိုင်ခင် တစ်ပတ် အလိုမှာတည်းက ကြိုတင်ကာ ပြင်ဆင်ခဲ့တဲ့ နည်းစနစ်တွေဖြစ်တယ်လို့ သိလာရပါတယ်။ ဒါ့အပြင် စပါးနဲ့ ကစားဟန်တူတဲ့ ဘင်ဖီကာ လူငယ်အသင်းကို သေချာရွေးချယ် ခြေစမ်းပွဲ ကစားခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ် အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းဟာ အေဂျက်စ်အသင်းက ကြယ်ပွင့် ဒွန်နီ ဗန်ဒါဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အေဂျက်စ်အသင်းက အဆိုပါကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်း အလိုရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဇွန်လကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံး ပြီ ဖြစ်တဲ့ စတားရစ်နဲ့ မိုရီနိုတို့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ပြီး နှုတ်ဆက်လိုက်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဂျာမနီကို ပြန်သွားပြီး ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။ ဘိုင်ယန်ရဲ့ ဂန္တဝင်ကြီးတွေက မန်နေဂျာအဖြစ် ယာဂင်ကလော့ပ်ကို ခေါ်ယူဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။