အာဆင်နယ်ရဲ့ ခံစစ်ပိုင်းမှာ ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်သွားဖို့ ရှိနေပါတယ်။ စာချုပ်ကုန်ဆုံးလို့ အသင်းက ထွက်ခွာမယ့် လစ်ခ်ျစတိုင်နာ နောက်သို့ မူစတာဖီ၊ မွန်ရီရယ်နဲ့ ကိုစီရယ်နီပါ လိုက်ပါသွားဖွယ် ရှိနေတာ ဖြစ်ပြီး အမ်မရီကတော့ ကစားသမားတချို့ကို ထွက်ခွာခွင့် ပေးကာ အပြောင်းအရွှေ့ စရိတ် ပိုရစေဖို့ ကြံရွယ်နေပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်အတွက် ကမ်းလှမ်းလာမှု မှန်သမျှကို ငြင်းဆန်သွားဖို့ ပြင်ဆင်နေပါတယ်။ အူဘာမီယန်ကို တရုတ်ကလပ်တွေ ဘက်က ကမ်းလှမ်းမှုတွေ လုပ်လာနေတာပါ။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ဟာ ဒီနေ့မှာပဲ အင်စတာဂရမ်ပေါ်က သူ့ရဲ့ Bio ကနေ အာဆင်နယ်ကို ဖြုတ်ချမှု လုပ်သွားခဲ့သလို အာဆင်နယ် ဂျာစီနဲ့ တင်ထားတဲ့ ပရိုဖိုင်ကိုလည်း ဖြုတ်ချသွားခဲ့ပါတယ်။ ဒီသတင်းက ဂန်းနားပရိသတ်တွေကြားထဲ လျှင်မြန်စွာ ပြန့်နှံ့လာနေပြီး အူဘာမီယန်အကောင့် ဟပ်ခံရတာဖြစ်ဖို့ ဆုတောင်းမှုတွေ ရှိနေကြပေမယ့် အနေအထားက စိုးရိမ်စရာ ဖြစ်လာခဲ့ပါပြီ။

အာဆင်နယ် ဂန္တဝင်ကြီး အီရန်ရိုက်က ရိုးမားကနေ ထွက်ခွာသွားမယ့် ဒီရော့စီကို ခေါ်ယူဖို့ လန်ဒန်ကလပ်အား တောင်းဆိုလိုက်ပါတယ်။ ဒီရော့စီဟာ အသက် 35 နှစ်အရွယ် ရှိပြီဖြစ်ပြီး သူ့ကို ခေါ်ယူလိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မှာပါ။

နွေအသုံးစရိတ် ပေါင် 45 သန်းပဲ အသုံးပြုခွင့် ရရှိမယ့် အမ်မရီဟာ မနှစ်ကရာသီနဲ့ ရှေ့မတိုင်ခင်တွေက ခံစစ်ပေးဂိုး 50 အထက်တွေ ပေးထားရတဲ့ ခံစစ်ကြောင်း တစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားသွားတော့မှာပါ။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့က အလိုရှိနေတဲ့ ညာအစွန်လူ မူနီယာဟာ ပီအက်ဂျီကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး ဇန်နဝါရီမှာ ပြင်သစ်ပြင်ပကလပ်တွေနဲ့ အလွှတ်ပြောင်းရွှေ့ကြေးဖြင့် ညိနှိုင်းမှုတွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။

ဗီလာရီးရဲလ်မှာ ကစားနေတဲ့ အာဆင်နယ်ရဲ့ ကွင်းလယ်လူဟောင်း ဆန်တီ ကာဇိုလာက သူအသင်းက ထွက်ခွာချိန်မှာ ဂန်းနား ပရိတ်သတ်တွေကို သေသေချာချာ နှုတ်မဆက်ဖြစ်ခဲ့တာဟာ သူ့အတွက် စိတ်မကောင်းဖြစ်စရာ အကောင်းဆုံး ကိစ္စဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမ်မရီရဲ့ ခံစစ် ဦးစားပေး ပစ်မှတ်က စိန့်အီတီနီ အသင်းမှ ၀ီလီယံ ဆာလီဘာ ဖြစ်ဆဲ ဖြစ်ပြီး အာဆင်နယ် ကင်းေ်ထာက်တွေဟာ ဒီနှစ် အတွင်း ဆယ်ကျော်သက် ခံစစ်မှူးလေးကို အကြိမ်ကြိမ် သွားရောက် လေ့လာကြည်ရှုထားပါတယ်။

အာဆင်နယ်အသင်းဟာ ဗလင်စီယာမှ ဘရာဇီးလ် ဂိုးသမား နီတိုကို မြင့်မားတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းမှု ပြုလုပ်နေတယ်လို့ စပိန် AS သတင်းစာက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ နယူးကာဆယ်အသင်းက အသက် ၂၅ နှစ်အရွယ် စပိန်သား တိုက်စစ်ကစားသမား အေယိုဇီ ပီရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပီရက်ဇ်ကို ယခင်က အာဆင်ဝင်းဂါးကလည်း မျက်စိကျခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်းဟာ ပြင်ပကလပ်အသင်းတွေ မျက်စိကျလာတဲ့ တိုက်စစ်မှူးနှစ်ဦး ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တီကို စာချုပ်သစ်များ အသီးသီး သက်တမ်းတိုး ချုပ်ဆိုကာ အသင်းမှာ ဆက်ထိန်းထားရန် ပြင်ဆင်နေပါတယ်။