လီဗာပူးအသင်းဟာ ဒီနေ့ညမှာ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲကျန် ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ အန်းဖီးကွင်းမှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ည ၂နာရီခွဲ အချန်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ လီဗာပူးနဲ့ ဝုဗ်တို့ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ဆက်တန်ကတော့ အိမ်ရှင် လီဗာပူးတို့ အခြေမလှဘူး ယူဆထားပါတယ်။

” ကျနေ်ာတော့ ဝုဗ်ကို မြင်တိုင်း သူတို့ တိုးတက်လာတယ်လို့ ထင်ပါတယ်။ နိုဝင်ဘာလမှာ ဂျူလန် လိုပက်တီဂူ စတင် တာဝန်ယူတည်းကနေ ခုထိမှာ သူတို့ ရခဲ့တဲ့ တစ်ုတည်းသော ရလဒ်ဆိုး က အရင် ပြီးခဲ့တဲ့ ၂ပတ်လောက်တုန်းက ဘုန်းမောက်နဲ့ ပွဲကို အိမ်ကွင်းမှာ ရှုံးခဲ့တာပါ။

တဖက်မှာ လီဗာပူးကတော့ ဆက်လက် ရုန်းကန်နေရဆဲပါပဲ။ စနေနေ့က ပဲလေ့စ်နဲ့ ပွဲမှာ သူတို့ တိုက်စစ်ဆင်တာက အချိတ်အဆက် မရှိ ဖြစ်နေသလိုပါပဲ။ ခံစစ် ပိုင်း မတည်ငြိမ်မှုတွေ အပြင် သူတို့ ခြေစွမ်း ကကို ပြသနာ ရှိနေတာ မြင်ခဲ့ရတယ်။

ဒီပွဲမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက ဂိုးတော့ သွင်းမယ်လို့ ကျနော် ထင်တယ်၊ ဒါပေမယ့် သူတို့ နိုင်မယ် လောက်ထိတော့ မယုံကြည်ဘူး။ ဝုဗ်ကလည်း ဂိုး အများကြီးတော့ သွင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ဂိုးလောက် သွင်းနိုင်ရင် အန်းဖီးကနေ သရေ ရလဒ် ယူသွားဖို့ လုံလောက်မှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၁ ဝုဗ် ဖြစ်ပါတယ်။