ဒီအပတ် ချန်ပီယံလိဂ်ပွဲမှာ ချယ်ဆီးဟာ ပထမအကျော့မှာ ၁-၀ ဖြင့် အရေးနိမ့်ထားတဲ့ ဒေါ့မွန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

တိုက်စစ်မှာ ဖီလစ်၊ စတာလင်၊ ဟာဗက် အတွဲကို ထုတ်သုံးမယ်လို့ ခန့်မှန်းထားကြပေမယ့် ပေါ်တာ ပိုင်ဆိုင်ထားတဲ့ များပြားတဲ့ ရွေးချယ်စရာတွေကြောင့် ဘယ်လို လူစာရင်း ထွက်လာမယ်ဆိုတာ ကြိုတင် မသိနိုင်သေးပါဘူး။

ဒါပေမယ့်လို့ ဒီပွဲမှာ တိုက်စစ်မှူး စတာလင်ကို ပွဲထုတ်မှာ ဖြစ်ကြောင်း ပေါ်တာက အတည်ပြုပါတယ်။ ဒူးဒဏ်ရာက ပြန်သက်သာလာတဲ့ စတာလင်ဟာ ဒီရာသီ ချယ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ကိုယ်တိုင် ၆ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ပေးထားသူ ဖြစ်ပါတယ်။

နည်းပြ ပေါ်တာက ” စတာလင်က အသင်းအတွက် ဘာတွေ ယူဆောင်လာပေးနိုင်တယ် ဆိုတာ အားလုံး မြင်ကြမှာပါ။ သူက ဘောလုံးကစားရတာကို ပျော်ရွှင်နေသူပါ။ ကျနော်တို့အတွက် အရေးကြီးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂ ပွဲမှာ အသင်းအတွက် သူဘာလုပ်နိုင်တယ်ဆိုတာ မြင်ကြပါလိမ့်မယ်။ ပြိုင်ဘက်ရဲ့ နောက်ဆုံး ခံစစ်လိုင်းကို သူကောင်းကောင်း ထိုးဖောက်နိုင်တယ်။ တံကောက်ကြော ဒဏ်ရာကနေ အကောင်းဆုံး ပြန်လာနိုင်ဖို့ သူ ကြိုးစားနေရဆဲပါ။

မိနစ်တိုင်းမှာ စတာလင်က သန်မာသည်ထက် သန်မာလာနေပါတယ်။ သူ့ရဲ့ အသင်းအတွက် ကူညီပေးမှုတွေက သိပ်ကောင်းတယ်။ ချန်ပီယံလိဂ်မှာ ဂိုးသွင်း မှတ်တမ်းကောင်းလည်း ရှိပါတယ်။ ဒေါ့မွန်ပွဲမှာ သူ့ကို ထုတ်သုံးပြီး သူ ပျော်ပျော်ကြီး ဘောလုံးကစားတာ မြင်ရဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။