မန်ချက်စတာ ယူနိုက်တက်ရဲ့ လီဗာပူးကို ၇ဂိုးပြတ် ရှုံးတဲ့ပွဲ အပြီးမှာ နည်းပြ တန်ဟက်ကတော့ ဆဲဗင်းဟက် အဖြစ် အမည်သစ် ရသွားပါတယ်။

ထိုပွဲမှာ နည်းပြ တန်ဟက်က တိုက်စစ်မှုး ဝက်ဟော့စ်ကို နံပါတ် ၁ဝ နေရာထား ကစားစေခဲ့တဲ့ အပေါ် ထောက်ပြ ဝေဖန်မှုတွေ များစွာ ထွက်ပေါ်နေရာ BeIN Sports အစီအစဉ် တင်ဆက်သူ ရစ်ချက်ကီးစ် လည်း ပါဝင် ပြောဆို ခဲ့ပါတယ်။

ကီးစ်က ” ဝက်ဟော့စ်ကို ဆက်ပြီး ကစားခိုင်းနေတာက သူ့ (တန်ဟက်) ဆုံးဖြတ်ချက်လေ။ ဝက်ဟော့စ် အပြစ် မဟုတ်ဘူး။ သူက ပုံမှန် နံတ် ၉ အထောင် တိုက်စစ်မှုးပါ။ ဘန်လေလို ရုန်းကန်နေရတဲ့ အသင်းမှာတောင်မှ နေရာ ရတာ မဟုတ်ဘူး။ ဒါပေမယ့် ဆဲဗင်းဟက် က ဘာဝင်ပူးခံထားရလို့ သူ့ကို တကယ့် နံပါတ် ၁ဝ နေရာမျိုးမှာ ထား ကစားရတာလဲ ?

နောက်ပြီး ဖာနန်ဒက်စ်ကို ကျ ဘယ်ခြမ်း ထုတ်တယ်။ ပေါင် သန်း ၈ဝ တန် ဆန်ချို က အရန်ခုံမှာ။ တော်လိုက်တဲ့ အဲရစ် (တန်ဟက်)ဗျာ။ သိပ် သိပ် တော်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါ ကလည်း ရှမိုက်ကယ်နဲ့ အတူ အစီအစဉ် တင်ဆက်ရင်း ” ကာရေဂါ : ခင်ဗျားက သူ့ကို တန်ဟက် (Ten Hag) လို့ ခေါ်လိုက်တယ် ဟုတ်လား၊ တကယ်က ဆဲဗင်း ဟက် (Seven Hag) ဗျ။ ” ပြောဆိုခဲ့ပါသေးတယ်။