လီဗာပူးအသင်းဟာ နောက်အပတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့် ပွဲစဉ် ဒုတိယ အကျော့ ပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတည်းက အန်းဖီးမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ လီဗာပူးက ၅-၂ နဲ့ ရှုံးနိမ့် ထားခဲ့တာ ကြောင့် နောက်တစ်ဆင့် တက်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။

ဒီတလောမှာ လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ကို ၇-ဝ နဲ့ ဂိုးပြတ် နိုင်လိုက်တာကြောင့် ရီးရဲလ်ကိုလည်း ကျော်ဖြတ်နိုင်မလား သုံးသပ် မျှေ်ာလင့်မှုတွေ ရှိနေပါတယ်။

ရီးရဲလ်ကို ၃ ဂိုးနဲ့ အထက် သွင်းမှသာ လီဗာပူးက ကွာတားတက်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒါပေမယ့် FiveThirtyEight ရဲ့ စူပါကွန်ပျူတာကတော့ လီဗာပူး နောက်တစ်ဆင့် တက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက် အခွင့်အရေး နည်းပါးတယ် လို့ တွက်ချက် ဖော်ပြထားပါတယ်။

FiveThirtyEight ရဲ့ စူပါကွန်ပျူတာ တွက်ချက်မှုတွေ အရ လီဗာပူးအသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဖြစ်နိုင်ခြေတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် တက်နိုင်ခြေ : 3%

ဆီမီးဖိုင်နယ် တက်နိုင်ခြေ : 2%

ဖိုင်နယ် တက်နိုင်ခြေ : <1% ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေ: <1%