ဒီအပတ် အသင်းကြီးချင်း ထိပ်တိုက်တွေ့မှု မရှိတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက် ထွက်လာပါပြီ။

ဘုန်းမောက် v လီဗာပူး

အခုချိန်မှာ အကြီးမားဆုံး ငြင်းခုံရမှုက ထွက်လာပါပြီ။ မန်ချက်စတာ ယူနိုက်တက်ကို လုံးဝ ရှင်းထုတ်ပစ်အပြီးမှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက တကယ်ပဲ ပြန်လာပြီလား?

ဒါက သူတို့အတွက် အလှည့်အပြောင်းပါပဲ။ သူတို့က အဆင့်လေးဝင်ခွင့်နဲ့ အဆုံးသတ်ဖို့ အားစိုက်မှာလား? ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့မယ့် ပွဲအတွက် လူချန်မှာလား? ကျနော်တို့ မြင်ရပါမယ်။

ဒီပွဲက မတ်လအတွက် လီဗာပူးရဲ့ နောက်ဆုံး အမှတ်ပေးပွဲပဲ။ ဧပရယ်လမှာ မန်စီးတီး၊ ချယ်ဆီးတို့ကို အဝေးကွင်းနဲ့ အာဆင်နယ်ကို အိမ်ကွင်းပွဲတွေအဖြစ် ၈ ရက်ဆိုတဲ့ ကာလတိုအတွင်း သွားရောက် ယှဉ်ပြိုင်ရမယ်။ ဒါကြောင့်ပဲ ဘုန်းမောက်ပွဲမှာ သူတို့ လုံးဝ ခြေချော်လို့ မရပါဘူး။

မက်ဒရစ်ကပွဲမှာ ရလဒ်ကို ပြန်လာအောင် သူတို့ လုပ်နိုင်ဖို့က လုံးဝ မဖြစ်နိုင်သလောက်ပဲ။ ဒါပေမယ့် သူတို့ရဲ့ အာရုံစိုက်မှုက အဲ့ပွဲမှာထက် ဘုန်းမောက်နဲ့ပွဲအပေါ်မှာ ရှိနေမှာပါ။ ကလော့ပ်ရဲ့ အသင်း ဘယ်လို လူစာရင်း ထွက်လာမလဲ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

လီဗာပူးပရိသတ်တွေကတော့ ယူနိုက်တက်ကို ရင်ဆိုင်တုန်းက လူစာရင်းကိုပဲ အလိုရှိလိမ့်မယ်။ အဲ့ပွဲမှာ ဂက်ပိုကစားခဲ့တဲ့ စွမ်းဆောင်ရည်ကို ရမယ်ဆိုရင် သူတို့ ဘုန်းမောက်ကို သေချာပေါက် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက် ပွဲတုန်းကလို ဂိုးသိပ်ပြတ်မယ် မထင်ပါဘူး။

အာဆင်နယ်ကို ရင်ဆိုင်တဲ့ပွဲတုန်းက ဘုန်းမောက်အသင်း ခြေစွမ်းကို ကျနော် မြင်ခဲ့ပါတယ်။ ခံစစ်ကို သိပ်သိပ်သည်းသည်း ကစားတာက လိဂ်ဦးဆောင်သူတွေကို ခက်ခဲစေခဲ့တယ်။

ရာသီစတုန်းက ဘုန်းမောက်တို့ တန်းဆင်းရမယ်လို့ ကျနော် ခန့်မှန်းခဲ့ပေမယ့် ဒီတလောမှာ သူတို့က တန်းတင်ကျန်ရစ်ဖို့ ကြိုးစားပြနေတယ်။ ဒီပွဲမှာ လီဗာပူး အနိုင်ရမယ် ဆိုပေမယ့် ကြိုးစား တိုက်ခိုက်ရပါလိမ့်မယ်။

ခရစ် ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၀-၂ လီဗာပူး