လေဗာကူဆင်ကို ရှုံးခဲ့တဲ့ပွဲမှာ မာနေးရဲ့ နောက်ထပ် ညံ့ဖျင်းတဲ့ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်ဟာ ၎င်းရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုတွေ ပိုများလာခဲ့ပါတယ်။

မာနေးဟာ လီဗာပူးကနေ ပေါင် ၃၅.၁သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နွေရာသီမှာ ဘိုင်ယန်ကို ရောက်လာခဲ့ပါတယ်။ ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့ပေမယ့် ဆီနီဂေါ ကြယ်ပွင့်ဟာ ဆာလာ၊ ဖာမင်နိုတို့နဲ့အတူ လီဗာပူးတိုက်စစ်မှာ ပြိုင်ဘက်တွေကို ကြောက်ရွံ့စေခဲ့တဲ့ ခြေစွမ်းမျိုး ပြန်လည်ဖန်တီးပြဖို့ ရုန်းကန်ခဲ့ရတာပါ။

ကမ္ဘာ့ဖလားကနေ ဒဏ်ရာနဲ့ပြန်လာပြီးကတည်းက အတော်လေး အရှိန်ပျက်သွားခဲ့တဲ့ အသက် ၃၀ အရွယ် ကစားသမားအပေါ် ဂျာမန်ကလပ်ရဲ့ စိုးရိမ်မှုက မြင့်တက်လာပါတယ်။

မာနေးဟာ ၃လလောက် အနားယူခဲ့ရတဲ့ ခြေအောက်ပိုင်း ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား မတိုင်ခင်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ပြိုင်ပွဲအပြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။ ဒါပေမယ့် အဲ့နောက်ပိုင်း သူဟာ ဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဆိုးရွားတဲ့ခြေစွမ်းကြောင့် လေဗာကူဆင်နဲ့ ပွဲချိန်တဝက်မှာပဲ လူစားလဲခံလိုက်ရပါတယ်။

ဒဏ်ရာဟာ မာနေးကို ကာလရှည်ကြာ ထိခိုက်စေခဲ့ပြီး ယခင်တုန်းက အရှိန်အဟုန်နဲ့ ပေါက်ကွဲနိုင်စွမ်းမျိုး မတွေ့ရတော့တာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

ဂျာမန်သတင်းဌာနတွေရဲ့ အဆိုအရ မာနေးဟာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ပ မပေါ်ဘဲ ဘိုင်ယန်မြူးနစ် လေ့ကျင့်ရေးတွေအတွင်း တစ်ယောက်ချင်း ဘောလုံးယှဉ်လုရင်လည်း အနိုင်ရတာ သိပ်မရှိတာကို ကလပ်ဘက်က အကြိမ်များစွာ သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ ဂျာမန်ကလပ်အတွက် ၂၈ ပွဲမှာ ၁၁ဂိုးသွင်း၊ ၅ဂိုး ဖန်တီးပေးခဲ့မယ့် ဒီရာသီ အများစုမှာ ရုန်းကန်ခဲ့ရတာပါ။ ဘိုင်ယန်ရဲ့ နည်းဗျူဟာတောင်းဆိုမှုတွေဟာ ကလော့ပ် လက်အောက်မှာ သူအသားကျခဲ့တဲ့ပုံစ့နဲ့ အနည်းငယ် ကွဲပြားနေတာ ဖြစ်ပါတယ်။

ကလော့ပ် လက်အောက်မှာ ပံ့ပိုးပေးတဲ့ နောက်ခံလူတစ်ယောက်နဲ့အတူ တောင်ပံကစားသမားအနေနဲ့ ကစားရပေမယ့် ဘိုင်ယန်မှာ အယ်ဖွန်ဆို ဒေးဗီးရဲ့ လျင်မြန်တဲ့ ပြေးလွှားမှုတွေက တောင်ပံတာဝန်တွေကို ယူထားပြီးဖြစ်တာကြောင့် မာနေးက ပိုပြီး ဗဟိုကျတဲ့နေရာမှာ ကစားနေရတာ ဖြစ်ပါတယ်။