မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းဟာ နိုင်ငံအသင်း အင်္ဂလန်ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပြီး လာမယ့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ် နယ်သာလန်နဲ့ ပွဲကို ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ယူနိုက်တက်နဲ့ အပြိုင် စပို့တင်းကွင်းလယ် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု လက်လျှော့ နောက်ဆုတ်လိုက်ပြီလို့ ပေါ်တူဂီ သတင်းများမှာ ဖော်ပြထားပါတယ်။

ကနဦးမှာ နှစ်ဘက်အသင်းကြား ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ ကစားသမား အလိုက်ပေးမှု စပို့တင်းလစ္စဘွန်းဘက်က လက်ခံ ခဲ့သော်လည်း အလိုက်ပေးတဲ့ ကစားသမားများ ငြင်းပယ်လိုက်ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ထိ တိုးတောင်းခဲ့တာကြောင့် မန်စီးတီးက နောက်ဆုတ်ခဲ့တာလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီး တိုက်စစ်သမား ဆာနေးကို ခေါ်ယူလိုတာ မှန်ပေမယ့် ကစားသမားဘက်က အသင်းပြောင်းလာဖို့ လိုလားမှသာ ကမ်းလှမ်းမှု ပြုလုပ်မှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ကလပ်အသင်း နှစ်သင်းကြား ယခုထိ ခိုင်မာတဲ့ ဆွေးနွေးမှုမျိုး မရှိသေးကြောင်းလည်း သိရပါတယ်။

မန်စီးတီးအသင်းဟာ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ် ကစားခွင့်ပိတ်ပင်မယ့် ပြစ်ဒဏ်ချမှုကို တားဆီးရန် တရားရေးအရ လှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ပြီး အားကစားခုံရုံး(CAS) သို့ အယူခံတင်လိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီး၊ မန်ယူ၊ ရီးရဲလ်မက်ဒရစ် အစရှိတဲ့ အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ပေါ်တူဂီကြယ်ပွင့် ဂျိုအာ ဖီးလစ်က ၄င်းရဲ့အနာဂတ်ကို နေးရှင်းလိဂ် ဖိုင်နယ်ပြီးမှပဲ ဆုံးဖြတ်သွားဖို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဖိလစ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက ဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပေါ်တူဂီရဲ့တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ အတူ စတင် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။