ရီးရဲလ်မက်ဒရစ်ဟာ နာဂယ်စ်မန်းကို အတော်လေး သဘောကျနေတာဖြစ်သလို ချယ်ဆီးကလည်း ဂျာမာန်သားကို ရာသီကုန်မှာ ချိတ်ဆက်မလား စဉ်းစားမှာမလို့ စပါးအနေနဲ့ ဘိုင်ယန်နည်းပြဟောင်းကို ခေါ်ယူရေးအတွက် အပြိုင်အဆိုင်တွေနဲ့ ကြုံရနိုင်ပါတယ်။
ချယ်ဆီးအသင်းနဲ့ ကန်တေရဲ့ စာချုပ်ဆွေးနွေးမှုတွေဟာ အကောင်းမြင်စရာ နောက်ဆုံးအဆင့်တွေကို ရောက်နေပြီဖြစ်ပြီး ကွင်းလယ်လူဟာ လန်ဒန်မှာ ဆက်ကစားဖို့ သဘောတူလိုက်နိုင်တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီနွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီးရင် အသင်းဟောင်း ဘာစီလိုနာနဲ့ မေဂျာလိဂ်တွေထံ ပြောင်းဖို့အစား စီးရီးအေကလပ် အင်တာမီလန်ထံ ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။
ဖိုလာရင် ဘာလိုဂန်ဟာ ဒီနွေမှာ မိခင်ကလပ်ထံ ပြန်ပြီးမှ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပေမယ့် အမ်းမရိတ်ကနေ ထွက်ခွာနိုင်ကြောင်း ထင်ကြေးပေးမှုတွေကို ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။
အူဘာမီယန်းဟာ ဒီနွေမှာ ချယ်ဆီးကနေ ဘာစီလိုနာကို ပြန်သွားဖို့အတွက် စီစဉ်နေပြီး လစာအများကြီး လျှော့ယူပေးဖို့ ဆန္ဒရှိနေပါတယ်။
ဝိန်းရွန်းနီဟာ ဒီစီယူနိုက်တက်နဲ့ အလုပ်ကိစ္စတွေရှိနေတာကြောင့် အင်္ဂလန်ရဲ့ ထာဝရထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာတဲ့ ဟယ်ရီကိန်းကို အမှတ်တရ ရွှေဖိနပ်ဆု ချီးမြှင့်ပေးဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့ရပါတယ်။
ရိစ်ဂျိမ်းစ်ဟာ စနေနေ့က အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာ အခြေအနေက မပြင်းထန်ဘဲ ချယ်ဆီးအတွက် ပြန်လည် ပွဲထွက်နိုင်မယ်လို့ သိရပါတယ်။
ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ စပါးရဲ့ ချဉ်းကပ်မှုကို လက်ခံဖို့ မဖြစ်နိုင်တာနဲ့အတူ စပါးဟာ ကွန်တီနေရာ အစားထိုးဖို့ ဆန်ကာတင်စာရင်းမှာ ဒီဇာဘီကို လျှော့လိုက်ရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆာဘစ်ဇာကို အငှားမခေါ်ခင် ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်ရာဘတ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။
ယူနိုက်တက် တောင်ပံကစားသမား အီလန်ဂါဟာ ဒီရာသီ ကလပ်မှာ ကစားချိန်ကင်းမဲ့မှုကို စိတ်ပျက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ရာသီကုန်မှာ ဘရာဇီးရဲ့ လစ်လပ်နေတဲ့ နည်းပြနေရာကို ဖြည့်ဆည်းဖို့ အန်ဆလော့တီက ထင်ရှားတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လိမ့်မယ်လို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရိုဒရီဂက်စ်က ပြောလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ချယ်ဆီးရဲ့ အသင်းကြီး နည်းပြအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အန်တိုနီ ဘယ်ရီအတွက် ချယ်ဆီးထံ တရားဝင်ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် အက်ဖ်အေဖလားမှာ သူ့ရဲ့ အနီကဒ် ဖြစ်ရပ်ကို မြင်ခဲ့အပြီး စိတ်ပြောင်းသွားခဲ့ပါတယ်။
အဲဗာတန်ရဲ့ ပရီးမီးယားလိဂ် အကျိုးအမြတ်နဲ့ဆုံးရှုံးမှု စည်းမျဉ်းချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲခံရမှုဟာ သူတို့ရဲ့ ပေါင်သန်း ၅၀၀ တန် ကွင်းသစ်၊ ကိုဗစ်ရဲ့သက်ရောက်မှုတွေနဲ့ ဆက်စပ်တဲ့ ကုန်ကျမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။