လီဗာပူးအသင်းဟာ ခံစစ်မှူး ဗန်ဒိုက်က သက်တမ်းထပ်တိုးဖို့ကို အလိုရှိနေခြင်းကြောင့် ဆွေးနွေးညိနှိုင်းမှုဆိုင်ရာ ကနဦး အဆင့်တွေကို လုပ်ဆောင်သွားဖို့ ရှိပေမယ့် စာချုပ်သစ်ကိုတော့ နောက်နှစ်လောက်မှ လက်မှတ်ထိုးဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ အန်ဖီးကွင်းကို ပရိသတ် ဝင်ဆံ့မှု ၆၀၀၀၀ ကျော်စေဖို့ ကြီးမားတဲ့ ပရော်ဂျက်ကို အရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာလ မကုန်ခင် တိုးချဲ့မှု ကိစ္စကို စီစဉ်နိုင်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမားဟောင်း ဇာဗီ အလွန်ဆိုက လက်ရှိ လီဗာပူးကွင်းလယ် ဖာဘင်ညိုဟာ ၄င်းရှိစဉ်က ကစားတဲ့နေရာနဲ့ ဆင်တူ မှုများ ရှိပြီး ဘရာဇီးသားရဲ့ ပွဲဖတ်နိုင်စွမ်းနဲ့ နေရာစုံ ကစားနိုင်မှုကို ချီးကျူးစကားဆိုလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ် အောင်မြင်မှု ရပြီးနောက် ထရန့်အလက်ဇန္ဒါး အာနိုးဟာ နိုင်ငံအသင်း အင်္ဂလန်နဲ့ အတူ နေးရှင်းလိဂ်မှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာပါတယ်။

အသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာမယ့် ဘယ်ခြမ်းခံစစ်မှူး မိုရီနိုကို ဘာစီလိုနာက ခေါ်ယူရန် စိတ်ဝင်စားနေပြီး စပိန်သားစာ မွေးရပ်မြေသို့ ပြန်သွားဖို့ အလေးသာနေပါတယ်။

ဒီရာသီ လီဗာပူးအတွက် ကစားခွင့်ရတိုင်း အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေတဲ့ တိုက်စစ်မှူး အိုရီဂီက လာမယ့် သီတင်းပတ်တွေ အတွက် ကလပ်အသင်းနဲ့ စာချုပ်သစ်ကိစ္စများ ဆွေးနွေးရပြီး ကောင်းတဲ့ဘက် ဦးတည်မယ်လို့ မျှော်လင့်နေပါတယ်။ အိုရီဂီက လီဗာပူးအသင်းနဲ့ နောက်နှစ် နွေမှာ စာချုပ် ကုန်ဆုံးတော့မှာပါ။

ဝုလ်ဗ်အသင်းဟာ လီဗာပူး လူငယ်ကြယ်ပွင့် ကစားသမး ရာဖေး ကမာချိုကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ပေါ်တူဂီသားလေးဟာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တဲ့အတွက် အန်းဖီးလ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းပိုင်ရှင် စတီးဝပ်ဒေါနယ်က ကလပ်အသင်း အကယ်ဒမီမှ အရည်အသွေးမြင့် လူငယ်စတား နှစ်ဦးဟာ လီဗာပူးထံ ပြောင်းရွှေ့ သွားတော့မယ်လို့ အတည်ပြစကား ပြောဆိုလာပါတယ်။ ဒီနွေမှာတော့ ဆန်းဒါးလန်း လူငယ်အတွဲဖြစ်တဲ့ Joe Rimmer နဲ့ James Pearce တို့ဟာ ယူ-18 အသင်းထံ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။