ဘာစီလိုနာ ပစ်မှတ်ထားနေတဲ့ ဘယ်ခြမ်းခံစစ်သမားများထဲမှာ အာဆင်နယ်မှ ကိုလာစီနက်လည်း ပါဝင်နေပြီး ခံစစ်ပိုင်း အလုံးစုံ ပြန် တည်ဆောက် လိုနေတဲ့ အာဆင်နယ်ဘက်က ၄င်းတို့ ကစားသမားအတွက် ယူရို ၂၅ သန်း တန်ကြေး သတ်မှတ်လိုက်ပါတယ်။

အာဆင်နယ်ဟာ ဘာာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ခေါ်ယူရန် ချဉ်းကပ်ခြင်း ခံနေရတဲ့ တိုက်စစ်မှူး လာကာဇက်တီကို အနာဂတ်ကိစ္စပတ်သတ်ပြီး ကစားသမားနဲ့ တေ့တေ့ဆိုင်ဆိုင် သေချာ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ အာဆင်နယ် U23 ကို တာဝန်ယူနေတဲ့ ဂန်းနားဟောင်း အသက် ၄၂ နှစ်အရွယ် ဆွီဒင်သားကြီး ယွန်းဘတ်ဟာ အမ်မရီရဲ့ အသင်းကြီး နည်းပြ အဖွဲ့ထဲ ပါဝင်လာတော့မယ်လို့ သိရပါတယ်။

ဂျာမနီဘက်က သတင်းများအရ အသက် ၂၆ နှစ်အရွယ် ဒေါ့မွန် ကွင်းလယ်လူ မာရီယို ဂေါ့ဇီဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဘုန်းမောက် တောင်ပံတိုက်စစ်သမား ရိုင်ယန် ဖရေဆာက ၄င်း အနာဂတ် အဆုံးအဖြတ်ဟာ အပြောင်းအရွှေ့ ပိတ်ရက်ထိ ရောက်သွားနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ကစားသမား ဇာခါက အင်တာမီလန်က ခေါ်ယူလိုနေတယ် ဆိုတဲ့ သတင်းများကို မျက်ကွယ် ပြုလုပ်ပြီး နောက်ရာသီ အသင်းခေါင်းဆောင် လက်ပတ်နဲ့ အာဆင်နယ်အသင်းအတွက် ကစားပေးရမှာအတွက် အလွန်ဂုဏ်ယူနေပြီး အသင်းမှာ ပျော်ရွှင်နေကြောင်း ပြောကြားလိုက်ပါတယ်။

အာဆင်နယ် ဂိုးသမား ဒေးဗစ် အော့စ်ပီနာ နာပိုလီအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ နာပိုလီက အော့စ်ပီနာ အတွက် ယူရို ၃.၅ သန်းနဲ့ ခေါ်ယူခွင့် ရှိပေမယ့် ပြေငာ်းရွှေ့ကြေး ဒိထက် လျော့နည်းစေဖို့ ညှိနှိုင်းနေပါတယ်။

စတုဂတ်အသင်းရဲ့ နောက်ခံကစားသမား အိုဇန်ခါဘက်ခ်ကို အာဆင်နယ်၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့က အပြိုင် ပစ်မှတ်ထားနေကြပါတယ်။ အသက် (၁၉)နှစ်အရွယ် တူရကီသားလေးဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်လီဂါမှာ ထွန်းတောက်လာခဲ့သူပါ။