မန်ချက်စတာ ယူနိုက်တက်ဟာ ဆွမ်းဆီးတောင်ပံသမား ဒန်နီရယ်ဂျိမ်းနဲ့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ဒီကနေ့မှာပဲ လေ့ကျင့်ရေးကွင်းကို လာရောက်ကာ ဆေးစစ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်က နိုင်ငံအသင်းနဲ့ အတူရှိစဉ် ကလပ်အသင်းတွေရဲ့ အရိပ်တွေ ရှိနေမှာ မဟုတ်ဘဲ အားလုံး အတူတကွ နေးရှင်းလိဂ်မှာ အောင်ပွဲရဖို့ ကစားသွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီနွေမှာ ကြီးကြီးမားမား ငွေထုတ်သုံးဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်က ယူနိုက်တက်မှ ပေါ့ဘာနဲ့ ပီအက်စ်ဂျီမှ အမ် ဘတ်ပီ စတဲ့ နာမည်ကျော် နှစ်ယောက်လုံး တပြိုင်နက် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အင်တာမီလန် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ယူ တိုက်စစ်မှူး လူကာကူကို စီးရီးအေကလပ် နာပိုလီကလည်း အပြိုင် စိတ်ဝင်စားလာပါတယ်။ နာပိုလီက လူကာကူအတွက် ယူရို သန်း ၇၀ (ပေါင် ၆၂ သန်း) ထိ ပေးဖို့ အသင့် ရှိနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ နည်းပြသစ် ခန့်အပ်ပြီးရင် ကစားသမားဟောင်း ပေါ့ဘာကို မန်ယူထံမှ ပြန်လည် ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှာ ဖြစ်ကြောင်း အသင်း အားကစား ဒါရိုက်တာ ဖြစ်သူက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နာပိုလီ ဗဟို ခံစစ်မှူး ကူလီဘိုင်လေအတွက် ပေါင် ၈၄ သန်းနဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း အီတလီ သတင်းများမှာ ပါရှိလာပါတယ်။

မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ပစ်မှတ်ထားနေတဲ့ ဒိန်းမတ်သား ကွင်းလယ်ကစားသမား အဲရစ်ဆင်အတွက် စပါးအသင်းက ပေါင်သန်း (၁၀၀) တန်ကြေး သတ်မှတ်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက အသင်းကစားသမားဟောင်း ဟော်လန်သား လိုင်ယွန်မှာ ဒီပေးကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။