ချယ်ဆီးအသင်းဟာ ရာသီကုန်ထိ လက်ကျန်ပွဲတွေကို ကိုင်တွယ်ဖို့ ချယ်ဆီးနည်းပြနဲ့ ကစားသမားဟောင်း ဖရန့် လမ်းပတ်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်တော့မှာ ဖြစ်ကြောင်း သတင်းေ်ထာက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ စပါးတို့ဟာ ဒီနွေမှာ ပရီးမီးယားလိဂ်ကို ပြောင်းလိုနေတဲ့ နာပိုလီနောက်ခံလူ ကင်မင်ဂျေကို စာချုပ်ဖျက်သိမ်းကြေး သန်း ၄၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးဟာ လမ်းပတ်ကို ယာယီခန့်မှာ ဖြစ်ပြီး နောက်ရာသီ အတွက် နည်းပြသစ် ဆက်လက် ရှာဖွေနေပါတယ်။ နာဂယ်စ်မန်းက ဦးစားပေးဖြစ်နေဆဲဆိုပေမယ့် ချယ်ဆီးနဲ့ ညိနှိုင်းမှုတွေ လုပ်ဖို့ အန်ရီကေးက အင်္ဂလန်ကို ရောက်လာနေပါပြီ။

အင်္ဂလန်အစိုးရက ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျက်ဆင်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတာကြောင့် မန်ယူ အသင်းရဲ့ အရောင်းအဝယ်ကိစ္စမှာ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။

ဒူဆန်ဗလာဟိုဗစ်ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းလာဖို့အား ငြင်းဆန်ပြီး ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့ပေမယ့် ဒီနွေရာသီမှာ အာဆင်နယ်ထံက ချိတ်ဆက်မှုတွေရရင် ပြန် စဉ်းစားဖွယ် ရှိနေပါတယ်။

ဝုဗ်အသင်း ပေါင် ၄၄ သန်းနဲ့ ကွင်းလယ်လူ နူနက်စ် လီဗာပူးအသင်းထံ ရောက်သွားနိုင်မယ့် စာချုပ်ဖျက်သိမ်းကြေး အချက်အလက်ကို ဖယ်ရှားပစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘိုင်ယန် လီဗာကူဆင်အသင်းရဲ့ ညာစွန် နောက်ခံလူ ဖရင်းပေါင် ကို ဒီတလော လတွေ အတွင်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

စပါးဟာ ဆမ်ဒိုးရီးယားမှာ ဟယ်ရီဝင့်ခ်ကို အငှားချထားတာ သက်တမ်းကုန်သွားရင် ထပ်ပြီး အငှားပြန်ချဦးမှာပါ။