အာဆင်နယ် နည်းပြ အာတီတာက အမ်းမရိတ်မှာ အနာဂတ် မရေရာ ဖြစ်နေတဲ့ ကစားသမားတွေထဲက ဘယ်သူ တွေကို ရောင်း၊ ဘယ်သူတွေကို ဆက်ထိန်းထားမလဲ ဆိုတာ ဆုံးဖြတ်ချက် ချခဲ့ပြီ ဖြစ်ပါတယ်။
နည်းပြ အာတီတာက စမစ် ရိုး၊ ဘာလိုဂန်၊ တီယာနေးနဲ့ ရော့ဘ် ဟိုးဒင်း တို့ကို နောက်ရာသီ အသင်းမှာ ဆက်ထိန်း ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ လေးယောက်လုံးက နွေဈေးကွက်မှာ အသင်းပြောင်းရွှေ့ဖို့ ရေပန်းစားနေသူတွေပါ။
အထူးသဖြင့် ပြင်သစ်မှာ အငှား ကစားရင်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ဘာလိုဂန်က အသင်းသစ် ရှာဖွေသွားဖို့ များနေပါတယ်။ ဒါပေမယ့် အာတီတာကတော့ အသင်းမှာ ဒဏ်ရာနဲ့ ပွဲစဉ် အကြပ်အတည်းတွေ ရှိလာရင် ကာမိစေဖို့ စဉ်းစားနေပါတယ်။
လာမယ့် ရာသီမှာ အာဆင်နယ်က ပြည်တွင်းပွဲတွေ အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်လို့ လူအင်အား တောင့်တင်းဖို့ကိုလည်း အာတီတာက ထည့်သွင်း စဉ်းစားခဲ့တာပါ။
စမစ် ရိုးနဲ့ ဘာလိုဂန်တို့က သွင်းဂိုးတွေကို ကူညီပေးနိုင်သလို တီယာနေးနဲ့ ဟိုးဒင်းတို့ကလည်း ခံစစ်မှာ လိုအပ်ချိန် အကူအညီ ဖြစ်နိုင်နေဆဲပါ။
ဒါပေမယ့် အခြား နောက်ခံလူတွေ ဖြစ်ကြတဲ့ ဆီဒရစ် ဆောရက်စ်နဲ့ နူနို တာဗာရက်စ်ကိုတော့ ရောင်းချမယ်လို့ အာတီတာက ရည်ရွယ်ထားကြောင်း သိရပါတယ်။